Ep - 34

11.9K 1.3K 18
                                    

Unicode

'' ခင်ဗျား။ ခင်ဗျား ကျွန်တော့်ကို အနိုင်
လိုချင်တာနဲ့ ကလိန်ကကျစ်ကျမယ် မကြံနဲ့ ဒေါ်ခက်နွယ် ''

သီဟ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိလိုက်ကာ ဒေါ်ခက်ခက်နွယ်အနားသို့ တဖြည်းဖြည်း ချဉ်းကပ်သွားရင်းမှ အော်ငေါက်မိသည်။ ဘယ်လိုမှဖြစ်နိုင်စရာမရှိ။ ဖြစ်လို့လည်းမရ။ မဟုတ်ရင် သူ့အမိုက်နောင်တ ကြီးရလိမ့်မည်ပင်။ ဒီကမ္ဘာပေါ်က ဘယ်သူဖြစ်ဖြစ် သူ့မိသားစုရဲ့ကျေးဇူးရှင် ဖြစ်လို့ရနိုင်ပေမယ့် ညံတော့ မဖြစ်ရပါ။

'' တော်စမ်း ! မင်း ငါ့ကိိုမဆင်မခြင်တွေပြောလည်း အပိုပဲ သီဟ။ ငါပြောတာ မယုံရင် မင်းကိုယ်တိုင် ရိုက်ခတ်ညံကို သွားမေး။ မျက်နှာချင်းဆိုင် ကြည့်ပြီး မင်းအဒေါ်ကို ကားနဲ့ တမင် တိုက်သတ်ခဲ့လို့ ထောင်ထဲရောက်နေတဲ့အချိန် ငါ့မိသားစုကို ထောက်ပံ့ပေးခဲ့တာ မင်းလားဆိုပြီး မေးလိုက်လေ။ မင်းကိုယ်တိုင် ဝန်ခံပြီး  မေးကြည့်လိုက်စမ်းပါ။ ပြောပြီးလို့ ဖြစ်သွားမယ့် သူ့မျက်နှာကိုပါ တစ်ခါတည်း သေချာကြည့်ခဲ့ ''

မျက်နှာချင်းဆိုင်အနေအထားက စစ်မြေပြင်မှာ
ကြွေးကြော်တိုက်ခိုက်နေသည့် ရန်ဘက်တွေ အလားပင်။ တစ်ယောက်ကိုတစ်ယောက် ကြည့်နေသော အကြည့်စူးစူးတို့က မာကြော ခက်ထန်နေလျက်။ ယုံကြည်ခြင်းနှင့် လက်မခံနိုင်ခြင်းကြား သီဟဗျာများနေရသလို ဒေါ်ခက်ခက်နွယ်လည်း ကိုယ်မွှေးခဲ့သည့်မီး ကိုယ်ပြန်မငြိမ်းနိုင်မှာကို တွေးပူစိုးထိတ်နေလျက်။ သို့ပေမဲ့ ဒေါ်ခက်ခက်နွယ်က ခံစားချက်ကို မပေါ်လွင်စေ။ အေးခဲသည့် မျက်နှာဟန်မှာ တုန်လှုပ်ခြင်း ကင်းမဲ့စွာ  အထက်စီးဆန်ဆန် မာန်ကိုသာ အားဖြည့်ထားလျက်။ နှစ်ယောက်သား အချေအတင် ပြောနေစဉ် ပတ်ဝန်းကျင်ကို  ခေတ္တခဏ မေ့လျော့သွားခဲ့ကြတာတော့ အတူတူပင် ဖြစ်၏။

'' ကိုသီဟ !''

နောက်ကျောမှ ထွက်ပေါ်လာသော အသံ။ အသံလာရာကို ဒေါ်ခက်ခက်နွယ် အကြည့်တို့ ရွေ့မိလိုက်သလို အသံပိုင်ရှင်အား သိနေသော သီဟလည်း ထိတ်လန့်မှုအပြည့်နှင့် လှည့်ကြည့်လိုက်သည်။ တဖြည်းဖြည်း
နီးကပ်လာသော ခြေလှမ်းတွေ။ မယုံကြည်နိုင်မှု
အပြည့်နှင့် မျက်ဝန်းတစ်စုံတွင် ထိတ်လန့်
အံ့သြခြင်းတွေ။

If YouWhere stories live. Discover now