Only Love Ep 1

853 31 7
                                    

unicode က အောက်မှာ ဆက်ရေးထားတယ်နော် တျဲတို့ 😘

<< zawgyi version >>

" haha ya..
က​လေး.. က​လေး.. အ​ခြေအ​နေက.. "

" စိတ်​ဒဏ်​ရာက အရှင်းမ​ပျောက်​​သေးလို့ပါ။ မသိစိတ်​မှာ ရှိ​နေတဲ့ အတိတ်​က ပုံရိပ်​​တွေ ပြန်​​ပေါ်လာတာ​ပေါ့..။ အရမ်းကြီး​တော့ စိုးရိမ်​စရာ မရှိပါဘူး jong kook ya..။ "

" ဒါ​ပေမယ့်​..ဒီ​လောက်​နှစ်​​တွေကြာ​အောင်ေ​မ့​လျော့နေပြီးမှ.. "

" ငါ သိပါတယ်​။ မင်း.. jihyo နဲ့ ပတ်​သတ်​ရင်​ ​ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ေ​​​လာက်ေ​အာင် ​အရမ်းစိတ်​ပူတတ်​မှန်း..။ ဒါ​ပေမယ့်​ ငါက ဆရာဝန်​​လေ..။ ငါ​ပြောတာ ယုံပါ။ သူ့ရဲ့ အသိစိတ်​က သူ့ရဲ့ဆိုးဝါးတဲ့ အတိတ်​ကို ​ဖျောက်​ဖျက်​ပစ်​လိုက်​​ပေမယ့်​.. မသိစိတ်​ထဲမှာရှိ​နေတဲ့ မှတ်​ဥာဏ်​ကို​တော့ မ​ဖျောက်​ဖျက်​နိုင်​​တော့ တိုက်​ဆိုင်​တာရှိတိုင်း သူအဲ့လို ဖြစ်​​နေမှာပဲ..။ "

" က​လေး.. က​လေးက အရင်​လို.. စကားလဲမ​ပြော အသက်​မဲ့​နေသလိုမျိုး... ပြန်​မဖြစ်​​လောက်​ပါဘူး​နော်​.. "

" အဲ့ဒါ​တော့ ငါလဲ အာမမခံနိုင်​ဘူး.. "

Haha သက်​ပြင်းတချက်​ချလိုက်​ကာ..
" အဲ့ဒီကိစ္စကြီး ကြုံေ​​တွ့ရတဲ့အချိန်​ သူ့အသက်​က ငယ်​​သေးတယ်​​လေ..။ ပြီး​တော့.. သူ့မိဘ​တွေကို သူ့​ရှေ့မှာတင်​ ရက်ရက်စက်စက်​​​​သတ်​​နေတာကို မြင်​လိုက်ရတာ​ဆို​တော့.. "

" ငါ့..ငါ့​ကြောင့်​ပါကွာ..။ ငါသာ သူတို့ကို ကာကွယ်​​ပေးမယ်​ဆိုတဲ့ ကတိမ​ပေးခဲ့ရင်​.. ။ ငါ့ကိုယုံကြည်​ပြီး သက်​​သေမထွက်​ဆို​ပေးခဲ့ရင်​.. "

Jong kook ​ပြောရင်း မတ်​တပ်​ရပ်​​နေရာမှ ဒူး​ထောက်​ကျသွားတာ​ကြောင့်​ haha လှမ်းထိန်းလိုက်​ရသည်​။

" အဲ့လို မဟုတ်​ပါဘူးကွာ။ မင်း​ကြောင့်​လို့ မသတ်​မှတ်​ပါနဲ့။ လူ့အသက်​ကို သတ်​ချင်​တိုင်းသတ်​တဲ့သူ​တွေကသာ တကယ့်​မ​ကောင်းတဲ့သူ​တွေ​ပေါ့ကွ။ မင်းအဲ့လို စိတ်​​ပျော့​နေလို့ မဖြစ်​ဘူး​လေ။ မင်းကိုယ်​​တိုင်​က ဒီလိုဖြစ်​​နေရင်​ jihyo ​လေးကို ဘယ်​သူက ​စောင့်​​ရှောက်​မှာလဲ.. ​ပြော!
jihyo ​လေးမှာ အားကိုးစရာ မင်းပဲရှိတာ​လေ! "

Only Love ( ချစ်​ဖို့ပဲ လိုတာပါ - ချစ်ဖို့ပဲ လိုတာပါ ) [ Complete ]Where stories live. Discover now