unicode က အောက်မှာ ဆက်ရေးထားတယ်နော် တျဲတို့ 😘
<< zawgyi version >>
" haha ya..
ကလေး.. ကလေး.. အခြေအနေက.. "" စိတ်ဒဏ်ရာက အရှင်းမပျောက်သေးလို့ပါ။ မသိစိတ်မှာ ရှိနေတဲ့ အတိတ်က ပုံရိပ်တွေ ပြန်ပေါ်လာတာပေါ့..။ အရမ်းကြီးတော့ စိုးရိမ်စရာ မရှိပါဘူး jong kook ya..။ "
" ဒါပေမယ့်..ဒီလောက်နှစ်တွေကြာအောင် မေ့လျော့နေပြီးမှ.. "
" ငါ သိပါတယ်။ မင်း.. jihyo နဲ့ ပတ်သတ်ရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လောက်အောင် အရမ်းစိတ်ပူတတ်မှန်း..။ ဒါပေမယ့် ငါက ဆရာဝန်လေ..။ ငါပြောတာ ယုံပါ။ သူ့ရဲ့ အသိစိတ်က သူ့ရဲ့ဆိုးဝါးတဲ့ အတိတ်ကို ဖျောက်ဖျက်ပစ်လိုက်ပေမယ့်.. မသိစိတ်ထဲမှာရှိနေတဲ့ မှတ်ဥာဏ်ကိုတော့ မဖျောက်ဖျက်နိုင်တော့ တိုက်ဆိုင်တာရှိတိုင်း သူအဲ့လို ဖြစ်နေမှာပဲ..။ "
" ကလေး.. ကလေးက အရင်လို.. စကားလဲမပြော အသက်မဲ့နေသလိုမျိုး... ပြန်မဖြစ်လောက်ပါဘူးနော်.. "
" အဲ့ဒါတော့ ငါလဲ အာမမခံနိုင်ဘူး.. "
Haha သက်ပြင်းတချက်ချလိုက်ကာ..
" အဲ့ဒီကိစ္စကြီး ကြုံတွေ့ရတဲ့အချိန် သူ့အသက်က ငယ်သေးတယ်လေ..။ ပြီးတော့.. သူ့မိဘတွေကို သူ့ရှေ့မှာတင် ရက်ရက်စက်စက်သတ်နေတာကို မြင်လိုက်ရတာဆိုတော့.. "" ငါ့..ငါ့ကြောင့်ပါကွာ..။ ငါသာ သူတို့ကို ကာကွယ်ပေးမယ်ဆိုတဲ့ ကတိမပေးခဲ့ရင်.. ။ ငါ့ကိုယုံကြည်ပြီး သက်သေမထွက်ဆိုပေးခဲ့ရင်.. "
Jong kook ပြောရင်း မတ်တပ်ရပ်နေရာမှ ဒူးထောက်ကျသွားတာကြောင့် haha လှမ်းထိန်းလိုက်ရသည်။
" အဲ့လို မဟုတ်ပါဘူးကွာ။ မင်းကြောင့်လို့ မသတ်မှတ်ပါနဲ့။ လူ့အသက်ကို သတ်ချင်တိုင်းသတ်တဲ့သူတွေကသာ တကယ့်မကောင်းတဲ့သူတွေပေါ့ကွ။ မင်းအဲ့လို စိတ်ပျော့နေလို့ မဖြစ်ဘူးလေ။ မင်းကိုယ်တိုင်က ဒီလိုဖြစ်နေရင် jihyo လေးကို ဘယ်သူက စောင့်ရှောက်မှာလဲ.. ပြော!
jihyo လေးမှာ အားကိုးစရာ မင်းပဲရှိတာလေ! "
YOU ARE READING
Only Love ( ချစ်ဖို့ပဲ လိုတာပါ - ခဈြဖို့ပဲ လိုတာပါ ) [ Complete ]
Fanfiction*Both Zawgyi & Unicode version* တကယ်တော့ တယောက်နဲ့တယောက်ချစ်တယ်ဆိုရင် ဘာမှမလိုပါဘူး ချစ်နေဖို့ပဲ လိုတာပါ 💛💛💛 တကယ်တော့ တယောက်နဲ့တယောက်ချစ်တယ်ဆိုရင် ဘာမှမလိုပါဘူး ချစ်နေဖို့ပဲ လိုတာပါ 💛💛💛