unicode က အောက်မှာ ဆက်ရေးထားတယ်နော် တျဲတို့ 😘<< zawgyi version >>
" jong kook မင်းဒီတိုင်းကြီးပဲ jihyo ဘေးနားမှာထိုင်နေတော့မှာလား!! ဆေးအရှိန်ကြောင့် အိပ်နေတာလေ..
အချိန်တန်ရင် သတိပြန်လည်လာမှာပေါ့.. ။.jihyo အခြေအနေက သက်သာသွားပါပြီ.. စိတ်လျှော့ပါဆို..။ မင်းမှာလဲ ဒဏ်ရာနဲ့လေကွာ..နည်းနည်းပါးပါး နားစမ်းပါကွ! "" ဟင့်အင်း ငါက အဆင်ပြေပါတယ်..
ကလေးကိုပဲ စိတ်ပူတာ.. "jihyo အရင်လို စကားမပြောပဲ ငူငူငိုင်ငိုင်ဖြစ်ဖြစ်သွားမှာကို စိုးရိမ်စိတ်နဲ့ jong kook အနားက မခွာပဲ တညလုံး စောင့်နေတော့ haha က မနေနိုင်တော့ပဲ ၀င်ပြောရပြန်သည်။
ငါဆရာဝန် စကားလဲ နားမထောင်..
ဒီနှစ်ယောက်နဲ့တော့ ခက်ပါတယ်..တစ်ယောက်ကလဲ ချစ်ရင်ချစ်တယ် ဖွင့်မပြောပဲ ကြိတ်ခံစား..
တစ်ယောက်ကလဲ မျက်စိအောက်က အပျောက်မခံနိုင်အောင် တွယ်ကပ်..
ဘေးကလူတောင် သဘောပေါက်နေတဲ့ အနေအထားကို ကာယကံရှင်နှစ်ယောက်က ဘာလို့ ဒီလောက်တုံးအနေကြတာမှန်းမသိ..
တော်တော်ရှုပ်တဲ့ နှစ်ယောက်..
နှစ်ယောက်ကို မျက်နှာချင်းဆိုင်ခိုင်းပြီး ခေါင်းချင်းသာတိုက်ပေးလိုက်ချင်တယ်..တကယ်...တော်ပြီ အခန်းအပြင်ခနလောက်ထွက်မှ..
အခန်းထဲမှာ အဲ့နှစ်ယောက်ကြောင့် မွန်းကျပ်လွန်းလို့.............................................................................
" omma.. omma!! appa!!
မလာနဲ့! မကပ်နဲ့! သွား!! "jihyo ရဲ့ အော်သံကြောင့် haha အခန်းထဲပြေးဝင်ကြည့်တော့ ကုတင်ပေါ်တွင် ခေါင်းအုံးကို ပိုက်ပြီး နံရံကိုကပ်ကာ အော်နေသော jihyo..
ကုတင်နားကပ်ပြီး jihyo ကို ထိန်းဖို့ကြိုးစားနေသော jong kook..
YOU ARE READING
Only Love ( ချစ်ဖို့ပဲ လိုတာပါ - ခဈြဖို့ပဲ လိုတာပါ ) [ Complete ]
Fanfiction*Both Zawgyi & Unicode version* တကယ်တော့ တယောက်နဲ့တယောက်ချစ်တယ်ဆိုရင် ဘာမှမလိုပါဘူး ချစ်နေဖို့ပဲ လိုတာပါ 💛💛💛 တကယ်တော့ တယောက်နဲ့တယောက်ချစ်တယ်ဆိုရင် ဘာမှမလိုပါဘူး ချစ်နေဖို့ပဲ လိုတာပါ 💛💛💛