1. စစ်ပွဲအတွင်းမှ ဗရုတ်သုတ်ခများ

3K 270 19
                                    

ကိုယ်​နဲ့ မရင်းနှီးတဲ့ ​နေရာတစ်​ခုမှာ ပုံမှန်​မဟုတ်​တဲ့ အ​ခြေအ​နေတစ်​ခုနဲ့ နိုးထလာရမယ်​ဆိုရင်​ ဘယ်​လိုလုပ်​ကြမလဲ?

ငါက​တော့ လုံးဝကို ​တွေးကြည့်လို့​တောင်​ မရဘူး။

ဒါ​ပေမယ့် ငါ​လေး ​တကယ်​ပဲ ဓား​တွေလှံ​တွေနဲ့ ​သွေးသံရဲရဲ​တွေကြား စစ်​ပွဲတစ်​ခုအတွင်းမှာ နိုးထလာခဲ့တယ်​။ ပြီး​တော့လည်း အားလုံးရဲ့ ​ခေါင်း​ဆောင်​ဖြစ်​တဲ့ ခန္ဓာကိုယ်​ထဲမှာ!

ကိုယ့်ကိုယ်​ကိုယ်​ အံ့အားသင့်ဖို့​တောင်​ အချိန်​မရလိုက်​ဘူး။ အနားက​နေ ဝှီးခနဲဖြတ်​​ပျံသွားတဲ့ လှံရှည်​တစ်​​ချောင်းကို ရိပ်​ခနဲ မြင်​လိုက်​ရတာတာနဲ့ အတူ အ​နောက်​က တစ်​​ယောက်​ လှမ်း​အော်​လိုက်​တာကို ကြားလိုက်​ရတယ်​။

" စစ်သူကြီး သတိထား" တဲ့။

ခန္ဓာကိုယ်​က အလိုအ​လျောက်​ တုံ့ပြန်​ပြီး လှံတံကို လှလှပပ ​ရှောင်​ရှားလိုက်​​တယ်​။ ကိုယ့်ကိုယ်​ကိုယ်​ ထိတ်​လန့်သွားမိတယ်​။ တစ်​ခါမှ ကိုယ်​ခံပညာမသင်​ဖူးတဲ့ ငါက အတိုက်​အခိုက်​ကို ​ကျွမ်းကျင်​​နေလိမ့်မယ်​လို့ မထင်​ထားဘူး။ ဒါဟာ မူလခန္ဓာကိုယ်​ ပိုင်​ရှင်​​ကြောင့် ဖြစ်​လိမ့်မယ်​။ ဘယ်​လို​တွေ ဖြစ်​ကုန်​တာလဲ?. စိတ်​ရှုပ်​​ထွေးစွာနဲ့ စဉ်းစားကြည့်လိုက်​တယ်​။ ကိုယ့်ကိုယ်​ကိုယ်​ ငုံ့ကြည့်​တော့ ဒါ ​ယောက်ျားတစ်​​ယောက်​ရဲ့ ခန္ဓာကိုယ်​ကြီးလား?

ဘုရား​ .. ဘုရား .! မာမား​ရေ ... မာမားသမီး​လေး​တော့ ​ရေတိမ်​နစ်​ပြီ ထင်​ပါရဲ့။

တကယ်လို့ စစ်​ပွဲအတွင်းမှာ စစ်​သူကြီးတစ်​​ယောက်​က စစ်​မတိုက်​ဘဲ သူ့​လက်​နက်​ဖြစ်​တဲ့ ဓားရှည်​ကို လွှတ်​ချလို့ ကိုယ့်ခန္ဓာကိုယ်​​အောက်​ပိုင်းက ပစ္စည်းကို လှမ်းကိုင်​ကြည့်လိုက်​မယ်​ဆိုရင်​ ဘာဖြစ်​မယ်​ထင်​လဲ?

ရန်​သူ​တွေ​ရော ကိုယ့်ဘက်​​တော်​သား​တွေပါ ​ကြောင်​အသွားကာ သူ့ကို ပြူးပြူးပြဲပြဲ လှမ်းကြည့်ကုန်​ကြ​တယ်​။ ဒါ​ပေမယ့် စစ်​ပွဲက စစ်​ပွဲမို့ ခဏ​လောက်​ ​ကြောင်​အစွာ ပြုမူလိုက်​မိတယ်​ဆိုရင်​ပဲ အဲဒီလူ​တွေဟာ ဒဏ်​ရာအသီးသီး ရရှိကုန်​ကြ​လေတယ်​။ ​
စစ်​ပွဲမှာ နာမည်​​ကျော်​ကြားလှတဲ့ စစ်​သူကြီးဟာ ဘယ်​လို အပြုအမူတစ်​ခုကိုမှ အ​ကြောင်းရင်းမရှိဘဲ မလုပ်​တတ်​တာမို့ စစ်​သူကြီးယန့်တ​စ်​​ယောက်​ လက်​နက်​ပုန်း​တွေကို အဲဒီ​နေရာမှာ ထည့်ထားတယ်​လို့ ရန်​သူ​တွေက ထင်​မှတ်​သွားပြီး သူ့ကို ဝိုင်းတိုက်​ဖို့ ကြံ​နေတဲ့ သူ​တွေ​တောင်​ ရွံ့တွန့်တွန့် ဖြစ်​ကုန်​ကြတယ်​။ လက်​နက်​ပုန်းနဲ့ ပစ်​သတ်​လိုက်​မှာစိုးလို့။

စစ်​သူကြီးရဲ့ အရှုပ်​ထုပ်​​လေး [ဘာသာပြန်​မဟုတ်​ပါ]//[[ရပ်​နား]]Where stories live. Discover now