Part 3

997 85 0
                                    

အရင်လို အတန်းမတူတော့ပေမဲ့လဲ ကျွန်တော်တို့ ၃ယောက် အချိန်ရရင် ရသလို တွေ့ဖြစ်ကြတယ် ။

Gun နဲ့  Jane  ကတော့ ကျွန်တော့်ကို စိတ်ပူပြီး အတန်းကလူတွေနဲ့ တည့်အောင်ပေါင်းဖို့ကို တွေ့တိုင်း နားညီးအောင် ပြောကြတယ် ။

တစ်ခါတစ်လေကျတော့လဲ ရယ်ချင်မိတယ်

မိဘနှစ်ပါးက သားဖြစ်သူကို ဆုံးမစကားပြောနေတဲ့ ပုံပေါက်နေပြီ ကျွန်တော့်အဖြစ်က

ကျွန်တော့လို အကျင့်နဲ့ ဘယ်သူက သည်းခံပြီးပေါင်းပေးနိုင်မှာလဲ

သူတို့၂ယောက်ကလွဲရင်

အရင်လို ကျွန်တော့်ဘေးခုံမှာ Gun မရှိတော့တာ အခုထိ မယုံကြည်နိုင်သေးဘူး

လွတ်နေသော ဘေးထိုင်ခုံကိုကြည့်လျက်

ငယ်ငယ်ထဲက ခုချိန်ထိ အမြဲအတူတူ ထိုင်နေကျ Gun က အခု ကျွန်တော့် ဘေးနေရာမှာ မရှိတော့ဘူး .......

ထမင်းစားဆင်းချိန်အတွက် တီးပေးတဲ့ ကျောင်းခေါင်းလောင်းသံက ကျွန်တော့်အကြိုက်ဆုံးအသံ ဖြစ်လာတယ်

အသံကြားတာနဲ့ တပြိုင်နက် နေရာမှထပြီး Gun နဲ့ Jane ရှိရာ အခန်းဆီသို့

..............

"Gun ငါ့ကို ဒါလေး ရှင်းပြ...... "

ဘေးကိုကြည့်လိုက်တော့ စာပွဲခုံပေါ်တွင် ခေါင်းလေး တင်ပြီး ဖွင့်လျက်သား စာအုပ်တွေပေါ် အိပ်ပျော်နေတဲ့ Gun...

'ညမအိပ်ပဲ စာတွေလုပ်ပြန်ပြီ ထင်တယ် နင်တော့'

သူလဲ တဖြည်းဖြည်း Off လိုပဲ စာသင်ခန်းထဲ အိပ်တတ်လာပြီ
ဘယ်လိုဖြစ်လို့ အကျင့်တွေ ကူးကုန်တာလဲ

အိပ်ပျော်နေသော Gun ကို Jane ငေးကြည့်လျက်

ပန်းရောင်သန်းနေသော နှုတ်ခမ်း
စင်းနေသော နှာတံ
ဖောင်းနေသော ပါးမို့မို့လေး

အစိတ်အပိုင်းတစ်ခုချင်းစီက အပြစ်ပြောစရာမရှိ

Gun မျက်နှာဆီမှ မျက်လုံးများ မခွာနိုင်သော Jane

အမှန်အတိုင်း ဝန်ခံရရင် Gun နဲ့ အတူတူ
S Class မှာ တက်ရတာ ပျော်နေမိတယ်။

Lost in Love (OffGun)Where stories live. Discover now