တစ်ကြိမ် မကတော့ဘူး နှစ်ကြိမ်ရှိပြီ
Gun နဲ့ Jane ၂ယောက်အတူရှိနေတာ မြင်တိုင်း ရင်ထဲ တစ်နေရာက နာကျင်နေရတဲ့ အကြောင်းအရင်းက ဘာကြောင့်များလဲ။
Jane နဲ့ ကျွန်တော် မိဘချင်း ရင်းနှီးကြပေမဲ့ Jane က ကျွန်တော့်ထက် Gun ကိုပိုတွယ်တာခဲ့တာ ငယ်ငယ်ထဲက သိနှင့်နေပါတယ်။
အိပ်ယာထဲတွင် ဟိုလှိမ့် ဒီလှိမ့်နှင့် တော်ရုံနှင့် အိပ်မပျော်နိုင်ခဲ့။ နာရီကိုလှမ်းကြည့်လိုက်တော့ 3.AM ။
'ငါ ... ငါ Jane ကိုများ ကြိုက်နေမိတာလား?'
သေချာစဉ်းစားကြည့်တော့ ငယ်ငယ်ထဲက ခုချိန်ထိ ခင်မင်ရင်းနှီးသည့် မိန်းကလေးဆိုလို့ Jane ၁ယောက်ထဲရှိသည်။
Jane သည် ငယ်ငယ်ကထက် အဆပေါင်းများစွာ ပိုလှလာသည်မှာ အမှန်ပင်။
နောက်ဆုံးတော့ ကျွန်တော် အဖြေရှာတွေ့ခဲ့ပြီ။
Jane အပေါ် 'သူငယ်ချင်း' ဟူသော အရာထက် ပိုသည့် ခံစားချက် ကျွန်တော့်တွင်ရှိနေခဲ့သည်။
.......................................................
Off ကို မတွေ့မိတာ ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီ။
သုံးယောက်အတူ ရုပ်ရှင်ကြည့်သည့်နေ့က နောက်ဆုံးဖြစ်သည်။
ရုံကထွက်လာထဲက စကားမပြောကာ မျက်နှာပျက်ပြီး ပြန်သွားခဲ့သည့် Off ။
'ခုရက်ပိုင်း သူ့ဆီမှာ စိတ်ညစ်စရာတွေများ ရှိနေလို့လား? ကျောင်းရော ဘာလို့မလာတာလဲ? '
ကျွန်တော်တွေးရင်း Off ကို စိတ်ပူလာသည်။
'Off အိမ်ပဲဖြစ်ဖြစ် လိုက်သွားပြီး တွေ့ရမလား'
'မဖြစ်သေးပါဘူး Off က သူ့အိမ်ကို လာစေချင်တာမဟုတ်ဘူး'
အကြောင်းအရင်းက တခြားတော့ မဟုတ်။
Off အဖေ ကြောင့်ပါ။Gun အဖေသည် Off အဖေ၏ ကုမ္ပဏီတွင် အလုပ်လုပ်နေသော ဝန်ထမ်း ဖြစ်သည်။
Gun တို့မိသားစုသည် လူကုံထံ အသိုင်းအဝိုင်း မဟုတ်သည့်အပြင် သူ့လက်အောက်တွင် အလုပ်လုပ်နေသော ဝန်ထမ်း၏သား ဖြစ်သောကြောင့် Off အဖေသည် Gun ကို မြင်တိုင်း နှိမ်ပြီးဆက်ဆံလေ့ရှိသည်။
YOU ARE READING
Lost in Love (OffGun)
Fanfictionငယ်သူငယ်ချင်း ၃ယောက် ဖြစ်တဲ့ Off , Gun နှင့် Jane တို့ တစ်ယောက် အပေါ် တစ်ယောက် ခံစားချက်တွေ ရှိလာကြတဲ့ အခါ ..... (ZAWGYI) ငယ်သူငယ်ချင်း ၃ယောက် ဖြစ်တဲ့ Off , Gun နှင့် Jane တို့ တစ်ယောက် အပေါ် တစ်ယောက် ခံစားချက်တွေ ရှိလာကြတဲ့ အခါ .....