🌼🌺💐🌸🌷
ခြံထဲကပန်းအိုးအလှစီထားတဲ့နေရာတွင် မတ်တပ်ရပ်လျက်အတိုင်းပင် ဒေါသတကြီးphပြောနေတဲ့ cy ..... သူ့ရဲ့မျက်နှာပေါ်တွင်လဲ ဒေါသအရှိန်ကြောင့်နီရဲစပြုနေပြီဖြစ်သည်။
"တောက်စ်...... မင်းတို့ကိုပေးထားတဲ့အချိန်ကိုပြန်ကြည့်စမ်း......မအားလို့ ခနလေး
လက်လွှဲမိတာ နဲနဲမှတောင် စောက်ဖြစ်မရှိပါလား...!""................."
" တိတ်စမ်း ....... ဘာဆင်ခြေမှမလိုဘူး
မင်းတို့နဲ့နောက်မှစာရင်းရှင်းမယ် မနက်ဖြန် 9နာရီအတိ ငါ့ဆီ အချက်အလက်အကုန်ရောက်ပစေ ဒါပဲ " (Tiiiiiiii)*ကျွတ်စ် dad နဲ့တော့ ကွိုင်တက်ဦးမယ် နောက်၎ရက်မတိုင်ခင်အသင့်ဖြစ်နေမှဖြစ်မှာ ဟူး.....!!! *
cy စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းရှည်ချကာ မနက်ကတင် ဂျယ်လ်နဲ့သေချာ သပ်တင်ထားတဲ့ ဆံပင်တေကြားလက်ထိုးထည့်ကာဖွပစ်လိုက်ပြီး အိမ်ထဲပြန်ဝင်လာခဲ့သည်။
" ဟင်း..... baby တို့ကိစ္စလဲလုပ်ပေးရမယ် မြန်မြန်လက်စသတ်မှပါလေ "
အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ ငြိမ်သက်ပြီးအိပ်နေတဲ့ baekkieကိုကြည့်ပြီး ဒုတိယမြောက်သော သက်ပြင်းတခုကိုချကာ စာပွဲတင်ဝင်ထိုင်းပြီး Laptop ဖြင့် comက စာရင်းတွေထိုင်လုပ်နေသည်။
အပေါ်ထပ်အခန်းထဲမှာတော့ အပြုံးမမည်သော အပြုံးတခုနဲ့ ခေါင်းညိတ်ခေါင်းခါ အတတ်အားသင်ပြီးသကာလ ဆေးအရှိန်ကြောင့် ပြန်အိပ်သွားသော suhoရယ် ခေါင်းရင်းကိုခေါင်း အုံးခုပြီးမှီထိုင်နေလျက်သားနဲ့ ရင်ခွင်ထဲမှ တိုးအိပ်နေသော suhoအားပြန်ဖက်ပေးထားတဲ့ layတို့ရှိလေသည်။
Lay....သူ့ကိုယ်သူပြောင်းလဲစပြုနေပြီကို သူကိုယ်တိုင်သတိထားလာခဲ့ပြီဖြစ်သည်။ စိတ်ခံစားမှုရော ကိုယ်လှုပ်ရှားမှုရောပေါ့....ဒီနေ့ အတွင်းမှစတင်ဖြစ်ပေါ်ခဲ့ခြင်းသာဖြစ်သည်။
ESTÁS LEYENDO
If You Remember Me(20+)
De Todoအချစ်နဲ့ပြောင်းလဲခဲ့တဲ့သူတို့ရဲ့ဘဝ ~~~~~~~~~~~~~~ If You Rember Me