Zawgyi
Cop POV ##ကိုယ့်မှာ အကူအညီတောင်းစရာဆို ကိုယ့်အချစ်ဆုံး သူငယ်ချင်းဘဲရှိတာ လေ ။
ငယ်ငယ်ထဲက သွားအတူလာအတူဆိုတော့ အတွင်းသိအဆင်းသိတွေလေ။ ရှိတဲ့နှစ်ယောက်ထဲမှာ ကိုဘဲ အရင်စွံတော့ သူဘဲအကူ အညီတောင်းနေရတာပေါ့ ဟီးဟီး..
ခုတော့သူလဲ ရသွားပါပြီ ဒါပေမယ့်လဲပေါ့..
"Tee ရေ... Tee သူငယ်ချင်း လေး "
သူ့ပြောစရာရှိလို့ပါဆို ဘယ်ရောက်သွားပြန်ပြီလဲ မသိ ဘူး။
သူကို ဘဲ အမိအရလိုက်ဖမ်းနေရတယ် ။ ကိုယ်ကခိုင်းချင်တော့လဲလိုက်ရှာရတာပေါ့ ။Tee POV ##
"ဟင်းး.. " ခုမှဘဲ စိတ်လွတ်ကိုယ်လွတ် သက်ပြင်းချနိုင်တော့ တယ် ရောက်ကတည်းကလုပ်လိုက်ရတဲ့အလုပ်ဆို တာ ဆက်နေတာဘဲ ။ ချိန်းထားတာလဲရှိတော့ စာအုပ်တွေ ဖိုင်တွေသိမ်းပြီးသွားမယ်ပေါ့လေ ။ အဲ့ချိန် ချစ်လှစွာသောသူငယ်ချင်းကြီးရဲ့ခေါ်သံကိုကြားလိုက်ရတယ် ။
"Tee ရေ... Teeသူငယ်ချင်းလေး "
လာပါပြီ ခိုင်းချင်တဲ့အခါထွက်လာတတ်တဲ့ ချွဲပြစ် အီစိမ့်နေတဲ့အသံနဲ့လေ။ လူကလေ စိတ်ကိုမော သွားတာဘဲ ။ ကိုယ့်ကိုက သူငယ်ချင်းတွေအပေါ်အနစ်နာခံ ချစ်တော့လဲ လုပ်ပေးရတာပေါ့လေ ။ ချိန်းထားထားရှိပါတယ်ဆိုနောက်ကျတော့မှာဘဲ ။ ဘာလုပ်ပေးဖို့ပြောဦးမှာလဲ မသိဘူး..Cop POV ##
ရှာလိုက်ရတာမောနေတာဘဲ ဘယ်ရောက်နေတာလဲ လို့ သူ့အခန်းမှာကိုး ။
Teeကိုလဲ တွေ့ရော အလိုလိုပြုံးရွှင်သွားတဲ့မျက် နှာတဲ့ အနားနားရောက်လာတဲ့တယောက်။"ဘာလဲပြော ဘာကိစ္စ လဲ.. "
အဲ့လို ခပ်ပြတ်ပြတ်ဘဲပြောလိုက်တယ် ။ ဟုတ်တယ်လေ သူများက အလုပ်ပြီးလို့ စောစောပြန်ရမလားအောက်မေ့တယ် ။
"Tee ကလဲ အသံ ကြီးကိုက.. "ဆိုပြီး မျက်နှာက ပြုံးစိစိ နဲ့ လာဖတ်တယ်။"ဟေ့ကောင် Ai Cop ပြုံးစိစိနဲ့ လုပ်မနေနဲ့ ပြောစရာရှိမြန်မြန်ပြော ပွတ်သီးပွတ်သတ် တွေလုပ်မနေနဲ့ "
"အေးပါ ကွာ မင်းကလဲ အကူအညီတောင်းချင်တော့လဲ မင်းဆူငေါက်တာခံရတာပေါ့ "

YOU ARE READING
My heart lives in foreign land
Fanfiction# အနေဝေးပြီးတယောက်တည်ရှိနေမှုလေးတောင် မသိတဲ့လူနှစ်ယောက် တယောက်နဲ့တယောက် တွေ့ဖို့ သိဖို့ ဘယ်လိုအကြောင်းဖန်လာမလဲဆိုတာ 😁😁 Pls ## သဘောကျ တဲ့ ဇာတ်ကားလေးကို အခြေခံပြီးရေးထားတာပါနော်