~ ပြောလေ ယူရာ မမ .......မမ အဖြေပေးမယ် ဆိုလို့ ကျွန်တော်စောင့်နေတာ ..
Jongin သူ ချစ်ရတဲ့ မမ မျက်နှာ ကို ကြည့်ရင်း ခပ်ပြုံးပြုံး ပြောလိုက်သည် ယူရာ ယူရာ ဆိုသော မမ က Final Year က The Whole Queen တစ်ယောက် ပင် နာမည်ကြီး Model တစ်ယောက်လည်း ဖြစ်သလို ဒိတ်ဒိတ် ကြဲ အသိုင်း အဝိုင်း ကသူ
~ ခနလေး Jongin shhi နောက်တစ်ယောက် ကျန်သေးတယ်
ယူရာ အပြောကြောင့် Jongin မျက်ခုံး ထူထူတွေ ကျုံ့သွားရသည်
ဒင်း လား ??? ကျစ် ဟိုတလောက သတင်းတော့ သဲ့သဲ့ ကြားသား သူ့ရန်သူတော်ကြီး ကလည်း သူကြိုက်တဲ့ မမ ကို လိုက်နေတယ် ဆိုပြီး အဲဒါကြောင့်လည်း ပြိုင်ပွဲတွေ ပိုပြင်းထန်ခဲ့တာပင်
~ မမ က ကျွန်တော့် ကို ချစ်တယ် မဟုတ်လား ကျွန်တော် မရှုံး ချင်ဘူးနော် မမ
Jongin အပြောကြောင့် ယူရာ ရဲ့ မျက်နှာလှလှလေး မဲ့သွားရသည်
~Jongin တို့ကလည်း အမြဲ ဒါဘဲ
ယူရာ ကပြောရင်း တစ်ဘက်သို့လှည့် နေလိုက်သည် ခန အကြာမှာတော့ သူတို့ရှေ့ ရောက်လာတဲ့ ပြိုင်ကား တစ်စီး ပြိုင်ကား ပေါ်က ဆင်းလာသည့် သူက ၂ ခါ မေးသရာ မလိုလောက်အောင် ပင် သူမုန်းလှ ပါသည် ဆိုတဲ့ Park Chan Yeol ပင်
Park Chan Yeol က တမင် တကာ ပင် သူ့ ပုခုံး ကို တိုက် ကာ သွား ပြီး မမရှေ့ ဒူးထောက်ကာ
~ Sorry မမ ကျွန်တော် နောက်ကျ သွား တယ် လို့ပြောရင်း
လက်ထဲက နှင်းဆီ ပွင့် ကို ကမ်းပေးလေသည်
အဲ့ မြင်ကွင်း ကို Jongin ကတော့ အမြင် ကတ်စွာ နဲ့ ကြည့်ရင်း ခပ်တိုးတိုး ကျိန်ဆဲ မိသည်
~ ၂ ယောက် စလုံး ကို မမပြောမယ် အမြဲ တမ်း ပြိုင်ဆိုင် နေတဲ့ မင်းတို့ ၂ ယောက် ကို မမ မယုံဘူး ဒီ ထက် ပို ပြောရရင် ရန်သူ ဖြစ်နေတဲ့ မင်း တို့ အချစ် ကို မယုံဘူး
ယူရာ ရဲ့ နှုတ်က ထွက်လာသည့် စကားတွေ ကြောင့် ကြောင်အ စွာ ရပ်နေကြသူ တွေက ChenYeol နဲ့ Jongin ပင်
~ ကျစ် မင်းကြောင့် မင်းကြောင့် မမက ငါ့ ကို မယုံတာ
Chan Yeol ပြောရင်း Jongin ကို ဆွဲ ထိုးလိုက်သည်
YOU ARE READING
အမုန်းစီးချင်း
Fanfictionတစ်ယောက်နဲ့ တစ်ယောက် မုန်းတီး နေကြတယ် ဆိုရင် သေနတ်ကိုင်ပြီး သေအောင် သတ်ပစ် စရာ မလိုပါဘူး အဓိကက အဲ့ လူရဲ့ နှလုံးသား ကို နာကျင်ပြီး ပဲ့ကြွေအောင် လုပ်တတ် ဖို့ဘဲ ကိုယ်မုန်းတဲ့ သူ တစ်ယောက် တန်ဖိုး ထားရတဲ့ အရာ ကို ဖျက်ဆီး ပစ်ရတာ ကို က အရသာရှိနေတာ