တနေ့တာရဲ့ အစ ☀

87 5 0
                                    


December ရဲ့ မနက်ခင်းတစ်ခု..........

နှင်းတော့ မဟုတ်ပေမယ် မြူတွေဆိုင်းနေတဲ့ မနက်ခင်းနဲ့ ကိုယ်နိုးထတယ် မကြာခင်နေထွက်လာတော့မယ်
ဒီချိန်ကလေးတို့ဆီမှာ နေထွက်လောက်ရောပေါ့

ချမ်းတယ်ဆိုတဲ့ အသိကြောင့် စောင်ထဲထိုးဝင်ဖို့ ကြိုးစားလိုက်ချိန်
Baby baby baby tonight......... 🎶🎶
At 6:00 AM
ရုံးသွားရမယ် ဆိုတဲ့ အသိစောင်ထဲတိုးဝင်မယ့် အစီအစဉ်လေး ပျက်ပြယ်သွားခဲ့ပီ

နိုးစက်ကို ပိတ်လိုက်သည်နဲ့ တပြိုင်နက်
Lockscream မှာ ပေါ်လာတဲ့ သွားဖုံးလေးတေပေါတဲ့အထိ ရီနေတဲ့ ကောင်လေးတစ်ယောက်
ဘာရယ် မဟုတ် Home scream ကိုဖွင့်လိုက်ချိန် ကျောပေးထားတဲ့ ကောင်လေးတစ်ယောက်
ဆွဲဆောင်မှူရှိလိုက်တာ ပြုံးလိုက်မိသေး တခါတလေအဲ့အပြုံးတွေရဲ့နောက် ရူးကြောင်ကြောင် အတွေးနဲ့ မျက်ရည်တွေက အစစ်ပါလာသေး 😂

ဒါတနေ့တာရဲ့ အစပြုချိန်..........
သူ့အသံ သူ့အပြုံး သူဆိုတဲ့ အတွေးနဲ့ စတင်ခဲ့တာ ရက်ပေါင်း ရာချီလာခဲ့တော့ အကျင့်လိုဖစ်နေတဲ့ အပြုအမူလေးတွေ

ပျော်ပါတယ် ဘယ်လိုခက်ခဲပင်ပန်းမှူပဲ ရှိရှိ သူ့စိတ်နဲ့ စတင်ခဲ့တဲ့ နေရက်တိုင်းနီးပါ ကိုယ်ပျော်ပါတယ်

တွေ့ဆုံခွင့်တွေ မရှိလဲပေါ့.......... 🙂

#181212 #ZPP

Only for LoveWhere stories live. Discover now