အတ္တ အချစ်

147 4 3
                                    


# Unicode #

အချစ်က အတ္တကြီးစွာ ရှင်သန်နေတယ်
သူ့အပြုံးကို ပိုင်ဆိုင်ချင်တာမျိုး
သူ့အနာဂတ်ထဲ တိုးဝင်ချင်တာမျိုး

ချစ်ရပါတယ် မြတ်နိုးစွာ တမ်းတရသူမို့
ဘယ်သူနဲ့ မှ မမျှဝေချင်လောက်အောင် ဖုံးဝှက်ထားချင်မိတယ်

သူပျော်နေရင် ကျေနပ်ပါပီ ဆိုတဲ့ စကားတွေက
လက်တွေ့မှာ အသုံးမဝင်ခဲ့ပြန်ဘူး ချစ်ရသူ

မင်းအပြုံးရဲ့ ဦးတည်ရာဟာ ကလေးတစ်ယောက်ဖြစ်နေခဲ့ရင်တောင် ကိုယ့်အတ္တက ပူလောင်စေတယ်

လွန်ကျူးတယ်ပဲ ဆိုဆို
တစ်ကိုယ်ကောင်းဆန်တယ်ပဲ ပြောပြော
မင်း အနာဂတ်ထဲ ခြေချမယ့် ကိုယ်မဟုတ်တဲ့တစ်စုံတစ်ယောက်ကို အခုချိန်ထိ လက်ခံပေးနိုင်ဖို့ အင်အား မရှိသေးဘူး

မင်းကြောင့်ပါ
မင်းနဲ့ ကြမှ အတ္တဆန်ဆန် ချစ်တက်ခဲ့တာပါ
ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း နာကျင်ခြင်း
ကိစ္စသေးသေးလေးက အစ မင်းနာမည်လေးရေရွတ်ပီး ရှေ့ဆက် ခဲ့ရသူမို့လို့

အခုလို အတ္တကြီးမိတာ မှားလား ချစ်ရသူ

အဝေးကနေ မျှော်ငေးခွင့် ရှိတဲ့ မင်းက တကယ်ကို အသူရာနေမင်းကြီး ကိုယ်ကတော့ ငေးကြည့်ရတာ သိပ်သဘောကျတဲ့ နေကြာပန်းလေပေါ့ကွာ

‌စောင့်ဆိုင်းရတာ ကြိုက်တယ်
ငေးကြည့်ရတာ သဘောကျတယ်
သို့သော် သူ့ရဲ့ဖြစ်တည်မှူမှာ တစ်စုံတရာ ဝင်စွက်ဖက်ချင်တယ်

အဲ့တာပါ ချစ်ရသူ
ကိုယ်အချစ်က ရိုးရှင်းမလိုလိုနဲ့
တကယ်ကို အတ္တဆန်တာ

မင်း မသိနိုင်မယ့် အတ္တကြီးကြီးအချစ် တွေ
မွေးထုတ်နေတဲ့ လူဆိုးမလေးဟာ ကိုယ်ပါပဲ

#191225
#ZPP

***************************

# Zawgyi #

အခ်စ္က အတၱႀကီးစြာ ရွင္သန္ေနတယ္
သူ႕အၿပဳံးကို ပိုင္ဆိုင္ခ်င္တာမ်ိဳး
သူ႕အနာဂတ္ထဲ တိုးဝင္ခ်င္တာမ်ိဳး

ခ်စ္ရပါတယ္ ျမတ္နိုးစြာ တမ္းတရသူမို႔
ဘယ္သူနဲ႕ မွ မမွ်ေဝခ်င္ေလာက္ေအာင္ ဖုံးဝွက္ထားခ်င္မိတယ္

သူေပ်ာ္ေနရင္ ေက်နပ္ပါပီ ဆိုတဲ့ စကားေတြက
လက္ေတြ႕မွာ အသုံးမဝင္ခဲ့ျပန္ဘူး ခ်စ္ရသူ

မင္းအၿပဳံးရဲ႕ ဦးတည္ရာဟာ ကေလးတစ္ေယာက္ျဖစ္ေနခဲ့ရင္ေတာင္ ကိုယ့္အတၱက ပူေလာင္ေစတယ္

လြန္က်ဴးတယ္ပဲ ဆိုဆို
တစ္ကိုယ္ေကာင္းဆန္တယ္ပဲ ေျပာေျပာ
မင္း အနာဂတ္ထဲ ေျခခ်မယ့္ ကိုယ္မဟုတ္တဲ့တစ္စုံတစ္ေယာက္ကို အခုခ်ိန္ထိ လက္ခံေပးနိုင္ဖို႔ အင္အား မရွိေသးဘူး

မင္းေၾကာင့္ပါ
မင္းနဲ႕ ၾကမွ အတၱဆန္ဆန္ ခ်စ္တက္ခဲ့တာပါ
ေပ်ာ္႐ႊင္ျခင္း ဝမ္းနည္းျခင္း နာက်င္ျခင္း
ကိစၥေသးေသးေလးက အစ မင္းနာမည္ေလးေရ႐ြတ္ပီး ေရွ႕ဆက္ ခဲ့ရသူမို႔လို႔

အခုလို အတၱႀကီးမိတာ မွားလား ခ်စ္ရသူ

အေဝးကေန ေမွ်ာ္ေငးခြင့္ ရွိတဲ့ မင္းက တကယ္ကို အသူရာေနမင္းႀကီး ကိုယ္ကေတာ့ ေငးၾကည့္ရတာ သိပ္သေဘာက်တဲ့ ေနၾကာပန္းေလေပါ့ကြာ

‌ေစာင့္ဆိုင္းရတာ ႀကိဳက္တယ္
ေငးၾကည့္ရတာ သေဘာက်တယ္
သို႔ေသာ္ သူ႕ရဲ႕ျဖစ္တည္မႉမွာ တစ္စုံတရာ ဝင္စြက္ဖက္ခ်င္တယ္

အဲ့တာပါ ခ်စ္ရသူ
ကိုယ္အခ်စ္က ရိုးရွင္းမလိုလိုနဲ႕
တကယ္ကို အတၱဆန္တာ

မင္း မသိနိုင္မယ့္ အတၱႀကီးႀကီးအခ်စ္ ေတြ
ေမြးထုတ္ေနတဲ့ လူဆိုးမေလးဟာ ကိုယ္ပါပဲ

#191225
#ZPP

Only for LoveWhere stories live. Discover now