🌸5🌸

488 74 2
                                    

"Joon..."

"ပြောလေ Hyung"

"မျက်လုံးလေး ခဏ ပိတ်ထားပေး"

"ဘာလုပ်မလို့လဲ"

"ပိတ်ထား Joon အတွက် ပြင်ဆင်ထားတာလေးရှိလို့"

ကျွန်တော်ကို Hyung မျက်စိမှိတ် ခိုင်းတော့ ဘာများလဲ သိချင်နေမိသည်။Hyung ဘာကို
စီစဉ်ထားလဲ လို့ပေါ့ ဒါကြောင့်မျက်လုံးလေး
ကို မသိမသာ ခိုးကြည့်မိသည်။

"Joon ခိုးမကြည့်နေနဲ့လေ ကွာ"

"မကြည့်ပါဘူး Hyung က လဲ"

" ကိုယ်သိတယ် နော် မခိုးကြည့်နေနဲ့"

"သိပါပြီ"

ကျွန်တော် မျက်လုံးလေးကို တင်းကျပ်စွာ မှိတ်ထားလိုက်သည်။Hyung ကျွန်တော့် အနောက်ကို Hyung ရောက်လာသည်
နှင့်တပြိုင်နက် ကျွန်တော့် လည်ပင်း အေးကနဲ
ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။

"Joon မျက်လုံး ဖွင့်လိုက်တော့"

ကျွန်တော် မျက်လုံး ဖွင့်လိုက်တော့ လည်ပင်း
ပေါ်မှာ တောက်ပနေတဲ့ ဆွဲကြိုးလေး တခု

"Hyung..ဒါက"

"Joon မွေးနေ့ အတွက် လက်ဆောင် "

"လှသားပဲ Hyung ကအမြင်ရှိတယ်"

"က်ုယ်က အမြင်ရှိတာ မဟုတ်ပါဘူး Joon
လည်ပင်းက ဘာဝတ်ဝတ် လှနေတာပါ"

ကျွန်တော့် လည်ပင်း ပေါ်က ဆွဲကြိုးလေးကို
ကြည့်ပြီး ပြုံးနေမိသည်။Hyung ကိုကြည့်ရတာ
ဒီ ဆွဲကြိုးကို ဝယ်သာ ဝယ်ရသာ အဓိပ္ပာယ် ကို
သိမဲ့ ပုံ တော့ မပေါ်ဘူး

"Joon ဆွဲကြိုး က ဘာများရယ် စရာပါလို့လဲ"

"Hyung ဒီဆွဲလေး ရဲ့ အ ဓိပ္ပာယ် ကို သိလား"

"မသိဘူး Joon ရဲ့ လည်ပင်းနဲ့ လိုက်မယ်
ထင်လို့ ၀ယ်လာတာ"

"ဒီဆွဲကြိုး လေးရဲ့ အဓိပ္ပာယ်က ပေးတဲ့သူ ဘက်
ကကြည့်ရင် ဘယ်တော့မှ မခွဲဘူး သစ္စာ မဖောက်ဘူး ဆိုတဲ့ အဓိပ္ပာယ်တဲ့"

ကျွန်တော် Joon ရှင်းပြနေတာကိုကြည့်မိတယ်
အရမ်းတည်ကြည် လေးနက်ပြီး ပြောပြ နေတဲ့
သူပုံစံ က ကျွန်တော့် အတွက်ရင် ပိုခုန်စေတယ်
ကျွန်တော် အသည်းယားပြီး Joon ရဲ့ နူတ်ခမ်း
လေးကို အသာလေး နမ်းလိုက်တယ်

When I saw the last flower(completed) Where stories live. Discover now