/2/

1K 160 48
                                    

Zawgyi

...
.....
......

မြေပြင်ပေါ်သို့ တလိမ့်လိမ့်ကြွေဆင်းသွားသော
သစ်ရွက်ကြွေများသည် ဆောင်းအကုန်နွေအကူး
ကာလ၏ သက်သေများပင်ဖြစ်သည် ။

တသွေ့သွေ့တိုက်ခတ်နေသော လေပြေညှင်း
လေးသည်လဲနွေဦးအစမှာပျော်ရွှင်နေပုံရ၏ ။

ထို့အတူ လေယူရာ ကြွေဆင်းရသည့် အဝါရောင်
သစ်ရွက်ကြွေလေးများကို လက်သေးသေးလေး
နှစ်ဖက်နဲ့လိုက်လံဖမ်းဆီးကာ ဆော့ကစားနေသော ကလေးငယ်လေး၏ ပုံရိပ်များကလဲ နွေဦးနဲ့ ပနံသင့်စွာ
လိုက်ဖက်လွန်းလှပေသည် ။

" ယွန်းဂီ!  ဘာလုပ်နေတာလဲ "

ယွန်းဂီ ခန္တာကိုယ်လေးအား ပွေ့ချီ
လိုက်သော အမျိုးသမီးတစ်ဦး ။

" မေမေ "

* ရွှတ် ရွှတ် *

အသံသေးသေးလေးနှင့် မေမေဟုခေါ်ကာ သူမ
ပါးနှစ်ဖက်ကိုလာနမ်းရှုံ့သော သားဖြစ်သူကြောင့်
သူမ ပြုံးလိုက်မိပါသည် ။

သားလေးတော့ သူမ မတွန်းလှန်နိုင်တဲ့ တီတီတာတာ
စကားလေးတွေနဲ့ ချွဲတော့မယ်လေ ။

" ပြော.... မေ့မေ့သားလေး ဘာလိုချင်လဲ "

ထိုအခါ ဟီးခနဲဆိုသလို သူမ လည်ပင်ကို မျက်နှာ
အပ်လိုက်သော သားဖြစ်သူ ငချွဲလေး ။

" မေမေ...သားတို့အိမ်ကို ဟိုကောင်သေးလေး
လာလို့မရအောင် တံခါးပိတ်ထားလို့ရဝူးလား "

" ဟင်...ဘယ်ကောင်သေးလေးလဲ  "

" ဟိုကောင်သေးလေး ဂျီမင်နီး "

ဆူအောင့်အောင့်လေးထွက်လာသော သားဖြစ်သူ
စကားကြောင့် သူမ သဘောတကျ ရယ်မော
မိတော့သည် ။

ဘေးခြံက ကလေးလေးကို သားတစ်ယောက်
စိတ်တွေပုတ်နေပြန်ပါပြီ ။

" ဘာလို့လဲ သားလေးက ဂျီမင်နီးလေးကို
သဘောမကျဘူးလား "

" အွန်း...အဲ့ကောင်လေးက သားရဲ့အရုပ်တွေ
ဖျက်ဆီးတယ် "

" ဟုတ်လား...ဒါဆို မေမေနောက်ခါ သူမလာအောင်
တံခါးပိတ်ထားပေးမယ်နော် "

* ရွှတ် ရွှတ် *

သူမ စကားကို ကျေနပ်သွားတဲ့ သားကတော့
တရွှတ်ရွှတ်နဲ့ သူမ ပါးကို အတင်းတွေချည်းဖက်
နမ်းတော့သည် ။

Meant To BeWhere stories live. Discover now