အပိုင်း (၁၆)

3.6K 257 7
                                    

မိုးမြေ စက်ဝန်း

အပိုင်း (၁၆)

"ဟုတ်တယ်။ မင်းတို့ခင်မင်မှုဟာ သာမန် မဟုတ်တော့ဘူး။ နဲနဲများ ပိုနေသလားလို့ ငါထင်လို့ပါ။"

မိုးသား ဟက်ခနဲ ရီလိုက်ရင်းက

"ဘာလဲ မင်းက ငါ့ကို မြေကြီးနဲ့ ပေးစားပြီး ယောက်ျားချင်း ကြိုက်နေတာပါလို့ စွပ်စွဲလိုက်တာလား။"

"မဟုတ်ဘူး မိုးသား။ ငါက စိုးရိမ်လို့ပါ။"

အာကာ့အသံက အနည်းငယ် ပျော့လျော့သွားတာမို့ မိုးသား တင်းနေတဲ့ စိတ်ကို လျော့ချလိုက်ပြီး

"ပြန်ကြမယ် အာကာ။ ငါနားချင်ပီ။"

"အိုခေလေ။ သွားကြတာပေါ့။ မင်းငါ့ကို တိကျတဲ့ အဖြေတစ်ခု မပေးရသေးဘူးနော်။"

မိုးသား မျက်လုံးတွေကို မှိတ်ချလိုက်ကာ မျက်နှာလွှဲရင်း သက်ပြင်းသာ ချလိုက်မိပါတော့တယ်။ ဒီကိစ္စကို ဆက်ပြီး ဆွေးနွေးချင်စိတ် မရှိတော့တာ အမှန်ပါပဲ။ အိမ်ပြန်ရောက်တာနဲ့ အခန်းထဲကို အကီင်္ျချုပ်ဖို့ အစတွေ ယူရင်း အာကာပါ လိုက်လာပါတယ်။ စိတ်က လုံးဝမပါပေမယ့် မဖြစ်မနေ လုပ်ပေးရမယ့် ကို တာဝန်ယူ ထားတဲ့ ကိစ္စမို့ အာကာ့အတွက် ဝတ်စုံကို ချုပ်ပေးလိုက်ပါတယ်။ မိုးချုပ်မှ ပြီးပါတော့တယ်။

"မိုက်တယ် မိုးသား။ မင်းလုံးဝ Pro တစ်ယောက်ဖြစ်လာမှာ သေချာတယ်။"

"ဟေ့ကောင် ဖားမနေနဲ့။ ငါလဲ ပင်ပန်းနေပြီ။ ရေချိုးလိုက်ဦးမယ်။ မင်းစောင့်နေမလား။ ပြန်ချင်ပြီလား။"

"လုပ်ပါ မင်းပဲ။ ပြီးရင် မင်းကို ငါ ဒင်နာ လိုက်ကျွေးမယ်လေကွာ။"

"ငါအပြင်မထွက်ချင်တော့ဘူး အာကာရာ။ နားချင်နေပြီ။ နောက်နေ့မှ လုပ်တော့ကွာနော်။"

"အင်း ရပါတယ်။ ဒါပေမယ့် မနက်ဖြန် ငါ့ပွဲတော့ မင်းလိုက်ရမှာနော်။ မင်းအတွက် VVIP လက်မှတ် ယူထားပေးတယ်။"

မိုးသား အဝတ်အစားတွေကို ချွတ်နေရင်းက အာကာ့ကို ကြည့်လိုက်ကာ

"အယ်လယ့် တယ်ဟုတ်ပါလား။ အားပေးရမှာပေါ့ကွာ ကို့ဘော်ဒါ မင်းသားကြီးပဲဟာ ဟားဟားဟား။"

မိုးမြေစက်ဝန်း။ Where stories live. Discover now