မိုးမြေ စက်ဝန်း
အပိုင်း (၁၄)
"သားသားရေ၊ သားသား ထဦး။ အိမ်ရှေ့မှာ ဧည့်သည်ရောက်နေတယ်။"
မေမေ့ အသံကြောင့် အိပ်ချင်မူးတူးနဲ့ မိုးသား အိပ်ယာထဲမှ ထလိုက်ပါတယ်။ ဒါပေမယ့် ဧည့်သည်ဆိုတာကို စဉ်းစားမရဘူး ဖြစ်နေတယ်။ မေမေ့ ဧည့်သည်ပဲ နေမှာပါ။ ဒါပေမယ့် အဲ့ဒီလို တစ်ခါမှ မနှိုးတက်ပါဘူး။
"လာပြီ မေမေ။ လာပြီ။"
မိုးသား အခန်းတံခါးကို ဖွင့်လိုက်ပြီးမှ
"ဘယ်က ဧည့်သည်လဲ မေမေ။"
"သိဘူးလေ။ သားသူငယ်ချင်းလို့ ပြောတာပဲ။ ကဲ ကဲ မျက်နှာသစ်ပြီး ဆင်းသွားလိုက်ဦး။ မေမေ ဆိုင်သွားဖို့ ပြင်လိုက်ဦးမယ်။"
"အော်။ ဟုတ်ကဲ့ မေမေ။"
မိုးသား မျက်နှာသစ်ရင်းက စဉ်းစားနေမိတယ်။ တစ်ခါမှ မိုးသားစီကို ဧည့်သည်မလာဘူးပေ။ ဘယ်သူပါလိမ့်။ ဒီဇိုင်နာ သင်တန်းက မြတ်ထက် များလား မသိ။ သူက မိုးသားကို အတော်ခင်ပေမယ့် မိုးသားနဲ့ သင်တန်းချိန်မှာသာ ဆုံဖြစ်ကြတာပါ။ မိုးသား ရဲ့ ကျန်တဲ့ အချိန်တွေက မြေကြီး နဲ့ပဲ ရှိနေတက်တာလေ။ မျက်နှာသစ်ပြီးတာနဲ့ မိုးသား ညဝတ်အကီင်္ျကိုလဲကာ အောက်ထပ်ဆင်းလာလိုက်ပါတယ်။ ကျောပေးထိုင်နေတာ မိုးသားတို့အရွယ် ကောင်လေး တစ်ယောက်ပါပဲ။ မြတ်ထက်လဲ မဟုတ်။
ဧည့်ခန်းက ခုံမှာ ဝင်ထိုင်လိုက်ရင်း မိုးသားပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်တဲ့အထိ မမှတ်မိသေး။ ဘယ်လိုမှ စဉ်းစားလို့ မရပေ။ ဧည့်သည်က မိုးသားကို ပြန်ပြုံးပြ နေရင်းက
"ငါ့ကို မမှတ်မိတော့ ဘူးလား မိုးသား။"
"အင်း။ အားနာလိုက်တာ။ ကျွန်တော် တစ်ကယ်မမှတ်မိတာပါ။"
ကောင်းလေးက သဘောကျစွာ ပြုံးပြလိုက်ရင်း
"မင်းနဲ့ငါ ဒီရပ်ကွက်ထိပ်က အ.ထ.က(၄)မှာ (၃)တန်း အတူတူ တက်ခဲ့ကြတာလေ။"
မိုးသား ခေါင်းထဲမှာ ဖျတ်ခနဲ အတွေး တစ်ခုပေါ်လာပါတယ်။
"ဝက်ပစ်။"
"ဟား ဟား ဟား။ ဟုတ်တယ်။"
မိုးသား ဖျတ်ခနဲ ဝက်ပစ်ဘေးကို ပြောင်းထိုင်လိုက်ကာ
ESTÁS LEYENDO
မိုးမြေစက်ဝန်း။
Romanceမတူညီတဲ့ ဘဝနှစ်ခုကို ယှဉ်ပြထားတဲ့ လူငယ်အချစ် ဇာတ်လမ်းလေးပါ။ ချစ်ဖို့ကောင်းတဲ့ မြေကြီးနဲ့ မိုးသားလေးကို အားပေးကြပါဦး။ (Zawgyi & Unicode)