ခဗျားမသိနိုင်သောအရာများ

32 1 1
                                    

ခဗျားသိလား?

သစ်ရွက်လှုပ်ရင်တောင်ရယ်တယ်ဆိုတဲ့ စိတ်ကစားတတ်တဲ့ ဆယ်ကျော်သက်အရွယ်
ကောင်မလေးတယောက်တဖက်သတ်ချစ်နေခဲ့တာက
အခန်းထဲက ကောင်လေးချောချောလေး
လည်းမဟုတ်
ဘေးအခန်းကအကိုကြီးတယောက်
လည်းမဟုတ် ဘဲ

မိုင်ပေါင်းများစွာကွာဝေးတဲ့ ဘာသာစကားမတူတဲ့
ခဗျားဆိုတာကို

ခဗျားသိလား?

အဲ့ကောင်မလေးရဲ့ တနေ့တာမှာခဗျားကတစိတ်တပိုင်းအဖြစ်ပါနေခဲ့တယ်လေ
ခဗျားအကြောင်းတွေးရင်း ခဗျားဓာတ်ပုံလေးတွေကြည့်ရင်း ခဗျားသီချင်းလေးတွေနားထောင်ရင်း
ခဗျားနဲ့ပတ်သတ်တဲ့သတင်းတွေ
အမြဲစောင့်နေရင်းပေါ့

ခဗျားသိလား?

အဲ့ကောင်မလေးက ခဗျားရှိတဲ့နေရာကို အရောက်လာနိုင်ဖို့ စာတွေကြိုးစားပြီးသင်ယူနေတယ်ဆိုတာကို

ခဗျားသိလား?

ခဗျားမွေးနေ့တိုင်းမှာခဗျားအတွက် ဆုတောင်းစကားတွေ ဆုတောင်းစာတွေ အမြဲခြွေပေးနေတတ်တဲ့ကောင်မလေးတယောက်ကို


အချစ်ရဆုံးသူ(သို့)Wu Yi Fanသို့ရည်ညွှန်း၍Where stories live. Discover now