Chapter 001

750 54 0
                                    

Your Master Is Me

Chapter 001

" မမ .. "

" မမ .. "

" ဝသုန်​ .. ကဆုန်​ .. ဘာဖြစ်​လို့လဲ "

အိမ်​ပြန်​​ရောက်​​ရောက်​ချင်း မိုးဝသုန်​နဲ့ မိုးကဆုန်​တို့ရဲ့ အထိတ်​တလန့်​ အသံ​တွေ​ကြောင့်​ မျက်​ရည်​ စိတ်​ပူသွားရသည်​။

" အမလတ်​ .. အိမ်​ပြန်​မလာတာ သုံးရက်​ရှိ​နေပြီ "

" ဟင်​ .. "

" ဘယ်​လိုလုပ်​မလဲ "

" သူ့ သူငယ်​ချင်း​တွေဆီ ဖုန်းဆက်​​မေးပြီးပြီလား "

" ဟုတ်​ .. သူတို့ ​ပြောတာ​တော့ အမလတ်​က အရင်​နှစ်​ရက်​က Jack ဆိုတဲ့ လူကြီးနဲ့ Night club အပြန်​မှာ ထွက်​သွားတယ်​တဲ့ "

" ဟင်​ .. ဘာလို့ အမကို ​စော​စောစီးစီး မ​ပြောကြတာလဲ "

" အမက အလုပ်​နဲ့ ခရီးသွား​နေရ​တော့ .. "

မျက်​ရည်​ .. စိတ်​အ​တော်​ ညစ်​သွားရသည်​။

ဒီမိသားစုမှာ မျက်​ရည်​က အကြီးဆုံးဖြစ်​ပြီး ​မေသစ္စာက ဒုတိယ ၊ အမြွာနှစ်​​ယောက်​ဖြစ်​တဲ့ မိုးကဆုန်​နဲ့ မိုးဝသုန်​က အငယ်​ဆုံး ဖြစ်​သည်​။

မျက်​ရည်​ အထက်​တန်း ပြီးတာနဲ့ ​​တက္ကသိုလ်​ မတက်​ဘဲ Business College ​လျှောက်​ခဲ့ပြီး ဘွဲ့ရတာနဲ့ အလုပ်​ထဲ တန်းမဝင်​​သေးဘဲ Computer ဘက်​ လိုက်​စားရင်း ​သောကြာ ၊ စ​နေ ညက​နေ မနက်​အလင်းအထိ Night club မှာ အလုပ်​လုပ်​ပြီး ကျန်​တဲ့​နေ့​တွေဆိုရင်​ ည​နေက​နေ ည ဆယ်​နာရီခွဲအထိ စား​သောက်​ဆိုင်​မှာ အလုပ်​လုပ်​ရင်း ပိုက်​ဆံစု​နေတာ ဖြစ်​သည်​။ ပြီး ​ခြောက်​လတစ်​ခါ သူမ သင်​ချင်​တဲ့အရာအတွက်​ ခရီးထွက်​တတ်​သည်​။

မေသစ္စာက ပထမနှစ်​ ​ဆေး​ကျောင်းသူ ဖြစ်​ပြီး အငယ်​နှစ်​​ယောက်​က အထက်​တန်း တက်​​နေကြတုန်းပင်​။

တကယ်​​တော့ မျက်​ရည်​နဲ့ ​မေသစ္စာက ​သွေးမ​တော်​​ပေ။

မေသစ္စာ အ​ဖေက စင်္ကာပူက​နေ မြန်​မာပြည်​ ပြန်​အလာ မျက်​ရည်​အ​မေနဲ့ ကြိုက်​ပြီး ယူလိုက်​ကြခြင်းပင်​။

Your Master Is MeWo Geschichten leben. Entdecke jetzt