Your Master Is Me
Chapter 002
" ရောက်ပြီ .. အခန်းက ဖွင့်ပြီးသားပဲ ၊ Anni ကတော့ မြန်ချက် "
သူမ ပြုံးလိုက်မိပေမယ့် အခန်းထဲက မြင်ကွင်းကြောင့် ကြောင်သွားရလေသည်။
ဧည့်ခန်းက ဆိုဖာပေါ်မှာ .. ယောင်္ကျားနဲ့ မိန်းမ .. အပေါ်ပိုင်းဗလာနဲ့ နမ်းနေ၍ပင်။
" ဒီလို အခြေအနေမှာ ဒီလို မြင်ကွင်း တွေ့ရတော့ ပိုဆိုးကုန်ပြီ .. ငါ .. တောင့်မခံနိုင်တော့ဘူး .. "
သူမ ပြန်မော့အကြည့် မိန်းမခန္ဓာကိုယ်အောက်က ယောင်္ကျားက သူမကို စိုက်ကြည့်နေတာ မြင်လိုက်ရ၍ ကြောက်သွားရသည်။
" ငါ .. အခန်းမှား ဝင်မိတာများလား .. "
" မင်း .. ဘယ်သူလဲ "
သူမ ရေရွတ်နေတုန်း သူက သူမရှေ့ကို ရောက်ချလာလေသည်။
" ဒီအချိန်ကြီး .. ငါ့အခန်းထဲ ဝင်လာတယ်ဆိုတော့ .. "
" Please help me "
" Hmm ? "
ပုံမှန် မဟုတ်တဲ့ အသံကြောင့် သူ .. သူမ ပါးကို လက်တစ်ဖက်နဲ့ ဆွဲမော့လိုက်ပြီး လက်မနဲ့ သူမ နှုတ်ခမ်းလေးကို ရွရွလေး ပွတ်လိုက်သည်။
" မင်း .. ဆေးခပ်ခံထားရတာပဲ .. "
" Help .. "
မျက်ရည် .. အမြင်တွေ ဝေဝါးလာပြီး ခန္ဓာကိုယ်က ထိန်းချုပ်ဖို့ ခက်နေလေသည်။
သူမ အရှေ့က ယောင်္ကျားက ဘယ်သူ ဘယ်ဝါမှန်း မသိပေမယ့် ဆေးအရှိန်ကြောင့် သူမအရှေ့က လူရဲ့ ရင်ခွင်ထဲ ပစ်ဝင်ချင်နေတဲ့စိတ်ကို မနည်း ထိန်းထားရ၍ ချွေးတွေ ပြန်နေလေသည်။
" မင်း .. ရှာတွေ့ပြီလား "
" မတွေ့သေးဘူး "
" ဒီနားလေးတင် ပျောက်သွားတာပဲကွ "
အသံတွေကြောင့် မျက်ရည် တုန်လှုပ်သွားရသည်။
သူတို့တွေ သူမကို ဒီအခြေအနေနဲ့ တွေ့သွားလို့ မဖြစ်ပေ။
YOU ARE READING
Your Master Is Me
Romanceရပျနား " Please help me " " မမေ့နဲ့ .. ဒီဇာတ်လမ်းကို .. မင်းက အရင် စခဲ့တယ်ဆိုတာကို " Your master လေး မှတ်မိကြသေးလား ချစ်တို့ 😉 Own ပါနော်