Me & My Ex

2.3K 473 54
                                    

"ဒါကဘာလဲ Wu Yifan "

"ကိုယ်​တို့ ဘိုးဘွားပိုင်​အ​မွေပဲ...Wuမိသားစုဝင်​ဖြစ်​လာမယ့်​အိမ်​​ထောင်​ဘက်​ကို လက်​ဆင့်​ကမ်း​ပေးရတဲ့အ​မွေ ...သိမ်းထားလိုက်​ပါ မားမား​ပေးခိုင်းလိုက်​တာ "

အရည်​အ​သွေး​ကောင်းပုံရတဲ့​ကျောက်​စိမ်းလက်​စွပ်​ကိုမှ ပတ္တမြား နီလာ စိန်​ သုံးမျိုးကို ​ကျောက်​စိမ်းသားထဲမြှုပ်​ကာပုံ​ဖော်​ထားတဲ့ တန်​ဖိုးကြီးလက်​စွပ်​တကွင်းကို ကျွန်​​တော့်​လက်​သူကြွယ်​မှာစွပ်​​ပေးရင်း ​​သေချာ​ပြောပြ​နေ​သောWu Yifanကိုကြည့်​ပြီး ကျွန်​​တော့်​စိတ်​ထဲ ​တော်​​တော်​အံ့သြ​နေသည်​ ။

လူမှားပြီးများ လာဝတ်ေ​ပး​နေသလား? :3
ဒါက သူ Park Chanyeolကို ဝတ်​​ပေးချင်​​နေတာ မဟုတ်​ဘူးလား !! ᕙ(`皿´)╯

Cinderella မှမဟုတ်​ရင်​ မ​တော်​တဲ့ဖန်​ဖိနပ်​လိုပဲ ။
Wu Yifan ဝတ်​​ပေးတဲ့လက်​စွပ်​​လေးက ကျွန်​​တော့်​လက်​သူကြွယ်​နဲ့ ​ချောင်​​နေတယ်​ :')

"တကယ်​ ယူ​တော့မှာလား ကျွန်​​တော့်​ကို "

"ကိုယ်​နဲ့​တွေ့တိုင်း မင်းဒါပဲ​မေး​နေတာပဲ ..နှစ်​ဖက်​မိဘစီစဉ်​တာ​လေကွာ...ဖျက်​လ်ို့မှမရပဲ "

"​ပြောလိုက်​ရင်​ ​ပေါ့ပျက်​ပျက်​နဲ့ ! မချစ်​ပဲ ယူလို့မှမဖြစ်​ပဲ !"

"ယူလို့ဖြစ်​ပါတယ်​...မယုံရင်​ ယူကြည့်​ပါလား "

"ခင်​ဗျား......​တော်​! ​တော်​​တော့ ..."

ဝတ်​ထားတဲ့အပြင်​အဆင်​နဲ့မလိုက်​ဖက်​စွာ လူကြီးလူ​ကောင်းမပီသလှတဲ့Wu Yifanကို ကျွန်​​တော်​ တခုခုလုပ်​ပစ်​ချင်​လာတယ်​ ။ ကြားမှာ ခံ​နေတဲ့စားပွဲကြီးကို​ကျော်​ပြီး လက်​ထဲက ခက်​ရင်းနဲ့ထိုးပစ်​တာပဲဖြစ်​ဖြစ်​ ! (◑_◑)

သူ့မျက်​နှာလည်းဆက်​မကြည့်​ချင်​​တော့သဖြင့်​ ကျွန်​​တော်​ စား​ပွဲက​နေ ထထွက်​လာပြီး သန့်​စင်​ခန်းဘက်​ထွက်​လာလိုက်​တယ်​ ။ Wu Yifan​ရှေ့မှာ​နေရတာထက်​ သန့်​စင်​ခန်းက ပို​အေးချမ်းတယ်​ :')

"Oma !!"

လန့်​လိုက်​တာ ! ᕙ(`皿´)╯
Oh Sehunသွား​လေရာ မိုးလိုက်​လို့ရွာ ဆိုသလိုပဲ သန့်​စင်ခန်းထဲဝင်​ဝင်​ချင်း လက်​​ဆေး​နေတဲ့Park Chanyeol နဲ့ တည့်​တည့်​ကြီးတိုးမိတယ်​ ။ ဘယ်​လို​တောင်​ မမြင်​ချင်​တဲ့သူ​တွေနဲ့ပဲ တိုး​နေရတာလဲ !

💙Me & My Ex💛Where stories live. Discover now