Me & My Ex

2.5K 490 65
                                    

"သား! ထစမ်း ! ဟဲ့​ကောင်​​လေး ..ထ!"

ညကGame​ဆော့များပြီး ၂နာရီ​လောက်​မှအိပ်​​ပျော်​သွားသည်​ကို အတင်းကာ​ရော တင်​ပါးကိုတဖုန်းဖုန်းရိုက်​ပြီး နှိုး​နေသည့်​​မွေးသမိခင်​ ။
ကျွန်​​တော်​ မသိချင်​​ယောင်​​ဆောင်​ပြီး ဖက်​​ခေါင်းအုံးကိုခွကာ ဇွတ်​အိပ်​​နေလိုက်​တယ်​ ။

"Sehun​ရေ..ထစမ်း! အိမ်​​ရှေ့မှာ မင်းအ​ကောင်​​ရောက်​​နေတယ်​ !"

မေ​မေ့အသံက စိတ်​တို​နေပုံရတာမို့ ကျွန်​​တော်​ အိပ်​​နေရာက​နေ လူးလဲပြီး ထထိုင်​ရတယ်​ ။ ​နေပါဦး ...​မေ​မေ​ပြောတယ်​ "မင်းအ​ကောင်​ ​ရောက်​​နေတယ်​ "တဲ့ ။
Wu Yifan​ရောက်​​နေတာကို ​မေ​မေက ဘာ​တွေစိတ်​တို​နေတာလဲ ။ သူပဲ သားမက်​​လောင်းကိုသ​ဘောကျလှပါချည်​ရဲ့ဆို :3

"​မင်း​ပြော​တော့ အဲ့ဒီအ​ကောင်​နဲ့ ပြတ်​ပြီဆို ! ​မေ​မေ့ကိုညာထားတာလား Sehun "

"ဟင်​.....ဘယ်​အ​ကောင်​ ? Byun Bae..."

"​အားးးးး!! သူ့နာမည်​မကြားချင်​ဘူး ! ​အေး... Byunမျိုးနွယ်​အ​ကောင်​ ! သူနဲ့အရင်​သွားရှင်းစမ်း ...ပြီးမှ ​မေ​မေနဲ့မင်းနဲ့ရှင်းမယ်​ "

အိပ်​ရာနိုးနိုးချင်း ဗရုတ်​သုတ်​ခ ။ ​စောင်​ပုံထဲက လူးလဲထပြီး မျက်​နှာ​တောင်​မသစ်​နိုင်​ပဲ အိမ်​​အောက်​ထပ်​​ပြေးဆင်းရသည်​။

အိမ်​​ပေါက်​ဝက​နေ အ​ခြေအ​နေအကဲခတ်​ကြည့်​​တော့ ဟုတ်​ပါရဲ့ ။ အိမ်​​ရှေ့မှာ Byun Baekhyun ။ ခြံ​ရှေ့ကအုတ်​ခုံ​ပေါ်မှာ ​​ခြေ​ထောက်​ချိတ်​ပြီး အခန့်​သားထိုင်​လို့။ ​မေ​မေရယ်​​လေ ...သူ့သားရဲ့ရည်းစား​ဟောင်းကိုနာကျည်းပြီး ခြံတံခါး​တောင်​ဖွင့်​​ပေးမထားဘူး :3

"Byun Baekhyun ....ဘာလာလုပ်​တာလဲ "

"​​ပေးစရာရှိလို့ ..အစက​တော့ လူချင်းချိန်းပြီး ​တွေ့မလို့ပဲ..ဖုန်းဆက်​မရလို့ ..."

ပြောရင်း ကျွန်​​တော့်​ကို သံသယမျက်​လုံး​တွေနဲ့ကြည့်​လာတယ်​ ။ ကြည့်​ရတာ "ဖုန်းဆက်​မရလို့ " ဆိုတဲ့စကားအကြားမှာ မူပျက်​သွားတဲ့ကျွန်​​တော့်​မျက်​နှာကို သူဖမ်းမိလိုက်​​လေသလား။ အရင်​ကလို အကင်းပါး​နေစဲပါပဲ ။

💙Me & My Ex💛Where stories live. Discover now