LIGHT AND NIGHT---1

415 31 3
                                    

✔ LIGHT And NIGHT - 1 ✖

....ကျွီ....

~~ဒုန်း~~

လွင့်​ထွက်​သွား​သောခန္ဓာကိုယ်​တစ်​ခုဟာ ​လေဟာနယ်​ထဲမှာဝဲပျံ​နေသည်
မြေပြင်​​ပေါ်ကိုပြန်​လည်​ဆင်းသက်​ချိန်​မှာ​တော့ ​​ကျောဘက်​က​ဆောင့်​ချက်​နဲ့အတူ​သေ​လောက်​​အောင်​နာကျင်​ရ၏
ခေါင်း​ကတစ်​ဆင့်​မျက်​နှာ​ပေါ်ကိုစီးကျ​နေသာ အနီ​ရောင်​အရည်​​တွေ​ကြောင့်
အမြင်​အာရုံပင်ေ၀၀ါးလာရသည်​။

ကျ​နော်​ရှိရာကို​ပြေးလာ​နေတဲ့အရိပ်​က​လေးကို​တော့ မျက်​လုံးမမှိတ်​ခင်​မြင်​လိုက်​ရ​သေးသည်​။
ကျေနပ်​သွားပါပြီ...​သေမယ်​ဆိုရင်​​တောင်​ ​သေရကျိုးနပ်​ပါပြီ။
ဒီအရိပ်​​လေးကိုကာကွယ်​​ပေးလိုက်​နိုင်​တယ်​မဟုတ်​လား....။
အဲ့ဒီအစား....စိတ်​ဆိုး​ပြေပါ​တော့ အရိပ်​​လေးရယ်​....။

-------------------------Light and Night-------------------------

Operation Room...တဲ့
သူ့လိုလူကဒီ​နေရာနဲ့လိုက်​ဖက်​မှုရှိလား....။
ဒါ​ပေမယ့်​ သူ့ကိုဒီ​နေရာ​ရောက်​​စေတဲ့သူကကျ​နော်​ကိုယ်​တိုင်​ဖြစ်​​နေခဲ့တယ်​။

အင်္ကျီမှာ​သွေး​တွေရွှဲ​နေပြီး လက်​ထိပ်​​လေး​တွေကိုက်​​ရင်း ခွဲစိတ်​ခန်း​ရှေ့မှာ​ဂဏာမငြိမ်​​ဖြစ်​​နေ​သောBaekhyunကိုကြည့်​ပြီး
Yixingမှာတစ်​ပူ​ပေါ်နှစ်​ပူဆင့်​ရ​လေပြီ...။

အသံတိတ်​မျက်​ရည်​​တွေ​ကြောင့်​ မျက်​လုံး​တွေပင်​မို့​ဖောင်း​နေပြီး
တစ်​ခါရှိုက်​လျှင်​ ရှိသမျှအား​​တွေကုန်​သွားပြီလားထင်​ရသည်​။
ဒီတိုင်းဆက်​ကြည့်​​နေလျှင်​ နဂိုချူချာတဲ့က​လေးပါလဲသွားမည်​စိုးတာ​ကြောင့်
Yixing​ဖြောင့်​ဖြပြီးနားခိုင်း​ရ​တော့မည်​။

"Hyun​လေး သီးသန့်​ခန်းမှာအနားယူလိုက်​ပါလားဟင်
ဒီတိုင်းဆက်​​နေရင်​ hyun​လေးပါတစ်​ခုခုဖြစ်​လိမ့်​မယ်​"

"Arni...ကျ​နော်​Chanကို​စောင့်​မှာ"

"Chanyeolကကြာဦးမယ်​ထင်​တယ်
သူထွက်​လာရင်​hyunကိုဂရုမစိုက်​ရ​ကောင်းလားဆိုပြီး hyungကိုဆူမှာ​ပေါ့က​လေးရဲ့"

LIGHT AND NIGHTWhere stories live. Discover now