LIGHT AND NIGHT---2

177 24 0
                                    

Baekhyun
Chanyeolအတွက်​ဆရာဝန်​​ခေါ်​ပေးပြီးအခန်း​ထောင့်​မှာပဲရပ်​​နေမိသည်​။
သူ့အနားကိုထပ်​မသွားရဲ...။သူတုန့်​ပြန်​လာမယ့်​စကား​တွေကိုခံနိုင်​ရည်​မရှိတာဆိုပိုမှန်​လိမ့်​မည်​။
တကယ်​​တော့ သူChanyeolရဲ့​မေးခွန်းကိုမ​ဖြေခဲ့ပါ...။
သူငယ်​ချင်းလားဆိုတဲ့သူ့​မေးခွန်းမှာBaekhyunနှလုံးသား​ပဲ့​ကြွေရပါသည်​။

ဟင့်​အင်း...။ငါ့သခင်​လို့​ဖြေရမှာလား...။
ဒီလိုသာ​ဖြေခဲ့ရင်​အတိတ်​​တွေကိုပြန်​​ရောက်​သွားပြီး အမှတ်​မရချင်​တဲ့အဖြစ်​​တွေကထပ်​ပြီးအသက်​၀င်​လာမှာစိုးသည်​။
သူ​လေ့ကျင့်​​ပေးထားခဲ့လို့နာကျင်​မှုဆိုတာနဲ့အသားကျခဲ့ပြီဆို​ပေမယ့်
ပျော်​ရွှင်​မှုအတိပြီးခဲ့တဲ့အချိန်​​ခဏ​လေးနဲ့တင်​ နာကျင်​မှုကိုသူသတိမရ​တော့...။မခံစားနိုင်​​တော့​ချေ...။

ထိုအချိန်​Kaiနဲ့D.O​ရောက်​လာခဲ့သည်​။
Yixing hyungက​တော့ကုမ္ပဏီကိစ္စ​​တွေနဲ့ရှုပ်​​နေသည်​မို့
Chanသတိရတဲ့အ​ကြောင်းကိုသူ့ကိုမဆက်​သွယ်​ခဲ့။

"Doctor
Chanyeolသတိရပြီလားဟင်​"

KaiကChanyeolကုတင်​ရှိရာကိုသွားပြီး​မေးလိုက်​​ပေ​မယ့်
D.OကBaekhyunအနားကိုလာကာပုခုံး​လေးဖက်​ထား​ပေးသည်​။

"Kai...ဟုတ်​တယ်​မလား"

Chanyeol​မေးခွန်း​ကြောင့်​ဆရာဝန်​အပါအ၀င်​Kai,D.O​၀မ်းသာသွားသည့်​ပုံပင်​​။
သေချာ​ပေါက်​Baekhyunမှလွဲ၍​ပေါ့...။

ထို့​နောက်ေ​မးခွန်းေ​ပါင်းစုံလည်း​ခေါင်းထဲဝင်​လာသည်​။
Kaiကို​Chanသိသည်​ဆိုရင်​ သူ့နှလုံးသားရဲ့အရှင်​သခင်​ပါလို့​ပြောခဲ့တဲ့Baekhyunကို​ရော
သူဘာလို့မသိရသနည်း။

"သူ့တို့ကိုရော...သိလား"

DoctorကD.Oနှင့်​Baekhyunကိုညွှန်​၍​မေးလိုက်​ခြင်းဖြစ်​သည်​။

"အင်္ကျီအစိမ်းနဲ့ကD.O
ဒီဘက်​ကတစ်​​ယောက်​က​...."

Chanyeol​စဉ်းစား​နေသည့်​ပုံစံဖြင့်​ခဏတိတ်​ဆိတ်​သွားသည်​​။ထို့​နောက်​ သူ့မျက်​နှာအနည်းငယ်​မ​ကောင်းဖြစ်​သွားသည်​ကိုBaekhyunသတိထားမိသည်​။

LIGHT AND NIGHTWhere stories live. Discover now