Zawgyi
ဟိုးယခင်ကတင့်တယ်ခဲ့သော အသရေတို့သည်က
စိတ်၏ဆင်းရဲခြင်း အကုသိုလ်၏ဖိနှိပ်ခြင်းကြောင့်
သူမဟာ ညပိုင်းတွေလည်း အိပ်စက်ခြင်းမရှိခဲ့ပါ..
အမှန်တော့ အိပ်စက်၍မရခဲ့တာပါ..
ညမိုးချုပ်သွားလည်း သူမကတော့အသံတေ
ွ ကြားနေရဆဲ..သူတို့က သူမကိုခေါ်နေကြသည်။သူတို့မတရားခံရကြောင်း နေ့တိုင်းအော်ပြောသည်။
ခြောက်ခြားဖွယ် ငိုကြွေးသံတွေ ..
သတ်ပစ်မယ်လို့ခြိမ်းခြောက်သံတွေ ကြားရသည်။
နားနှစ်ဖက်ကိုပိတ်ထားပေမယ့်..
မျက်လုံးတွေပိတ်ထားပေမယ့်..ဒါနဲ့.နေပါအုန်းသူမရဲ့သားတော်လေးက
မယ်မယ် သားကိုကယ်ပါအုန်းလို့ ငိုပြောသံလေးသူမ ဝမ်းဗိုက်ထဲမှာ လပိုင်းသာ နေခဲ့ရတဲ့
သားလေးက ကြီးလာတော့ဝဝတုတ်တုတ်
ပါးဖောင်းဖောင်းလေး...
မျက်ရည်တွေနဲ့တက်မတတ် ငိုသည်..။သူမရင်ကို အစိတ်စိတ်ခွဲနေသလိုပဲ..
လူတိုင်းမော်မဖူးရဲ့တဲ့ သူမကို သေမိန့်ချတော့မယ်လို့ ပြောနေကြသံကို သူမသိသည်။
တစ်ပတ်အကြာအဆောင်တွင်းချိတ်ပိတ်ခံထားရတဲ့သူမ....
ခင်ပွန်းသည် မင်းကြီးကရော ဘယ်လိုနေလိမ့်မလဲ
ဝဋ်နာကံနာလို့သဘောထားလိမ့်မည်..။
သူမ မရှိခြင်းက သူ့အတွက် ဝဋ်ကျွတ်သွားသည်ဟု
သူယူဆလိမ့်မည်..။တကယ်ဆို သူမ မမှားခဲ့ဘူး..
သူမ ကလေးလေးအတွက်
် အမေတစ်ယောက်အနေနဲ့ နာကြည့း်တာလေ..ဘာမှားလဲ...ကနာမငြိမ်စွာ မျက်ဆံတလည်လည်နှင့်
မယ်တော်ကြီးပုံစံက အတော် စိတ်မချမ်းမြေ့စရာ
ကောင်းနေပါပြီ...မိဖုရားအဆောင်အယောင် အစုံအလင်နှင့်
အမွှေးနံသာ မျက်နှာခြယ်တို့ရံသော
မျက်နှာတွင် မျက်တွင်းညိုတို့နှင့် အနိဋ္ဌာရုံ အသွင်
က လွန်စွာ အကျည်းတန်လွန်းနေသည် ။
YOU ARE READING
မောင့်တော်ဝင်သူ(မောင့်တော်ဝင်သူ)[Completed]
Fanfictionကိုယ့်အတွက် မင်းရဲ့ဖြစ်တည်မှုက အချစ်ဆိုတာ သေချာကတည်းက ကိုယ်ဟာမင်းနဲ့ပတ်သက်သမျှ ကိစ္စတိုင်းမှာ ရှုံးနိမ့်နေပြီးသား!! ကိုယ့်အတွက်မင်းရဲ့ဖြစ်တည်မှုက အချစ်ဆိုတာသေချာကတည်းက ကိုယ်ဟာမင်းနဲ့ပတ်သက်သမျှ ကိစ္စတိုင်းမှာ ရှုံးနိမ့်န...