Zawgyi
"မင်းဒီလိုပဲ Jonginကိုလက်ပိုက်ကြည့်နေတော့မှာလား "
မင်းသားTaehunက အရှင့်ကိုမေးသည်
ဥယျာဉ် ထဲ ခုံတန်းပေါ်မှာ ပလူးနေတဲ့
ယောက်ျားတစ်ဦးနဲ့မိန်းမတစ်ဦး ကို
Sehunက ငြိမ်ငြိမ်လေးကြည့်နေသည်ဘုရင်ရှေ့မှာ ဒီလိုအမြင်မတော်တာကို လုပ်ရဲသူက
ဘယ်သူရှိအုန်းမလဲ"ကလေးက စိတ်ဆိုးနေတာကို ချော့ရမှာက
ငါ့တာဝန်လေ"ပေါ့ပေါ့ပါးပါးပုံစံနဲ့ ဘာမှမခံစားရသလို
ပြောလိုက်လည်းTaehunကတော့
အက်ကွဲနေတဲ့အသံအတိမ်အနက်ကို
သတိပြုမိလိုက်ပါသည်
Sehunဆိုတဲ့ လူကို ငယ်ငယ်ကတည်းက
လည်း နားမလည်ခဲ့..အခုလည်း သူ့စိတ်ထဲ
ဘာတွေတွေးပြီး ဘာတွေလုပ်လိုက်မလဲဆိုတာ
Taehunမတွေးတတ်ပါ"ကျစ်...ဒါ ကလေး ချော့နေသလိုမှ
မဟုတ်တာ ..ပြီးတော့ ဒီကိစ္စက
သကြားလုံး ကျွေးလိုက်တာနဲ့ မင်းနဲ့ငါ
ကျေပြီဆိုပြီး လုပ်လို့ရမလား""ဟား..ဖြစ်နိုင်ရင်ကောင်းတာပေါ့
မင်းတအားပြောတတ်တယ် ငါ့အစ်ကို ""ဟဲ့ ပလုတ်တုတ် "
ကာယယံရှင်အစား ဒေါသထွက်နေပေးရတဲ့
Taehunခင်မျာ စွံအ သွားတယ်
ငါလေးနားတွေများချေးပိတ်နေသလားလို့
ကလော်ထုတ်မိတာ အခါခါ..အစ်ကိုတဲ့..တစ်ခါမှ မခေါ်ခဲ့ဘူးတဲ့
အခေါ်အဝေါ်..
ငါကမင်းထက် သုံးလကြီးတယ်
ငါမင်းအစ်ကိုလို့အာပေါက်မတတ်ပြောတာတောင်
အရေးမစိုက်တဲ့လူကလေ"မင်းနေကောင်းလားဟင်..ရူးသွားတာလား"
"အကောင်းပြောနေရင်ထ ထဖောက်မလားစမ်းနဲ့ကွာ..ရူးရအောင် မင်းပဲရူး "
"စကားမလွှဲနဲ့..မင်းကိုငါ Jonginအကြောင်း
ပြောနေတာ""......"
" မင်းJonginကိုရှင်းပြသင့်တယ်"
"ဟင့်အင်း..ငါမလုပ်ချင်ဘူး "
أنت تقرأ
မောင့်တော်ဝင်သူ(မောင့်တော်ဝင်သူ)[Completed]
أدب الهواةကိုယ့်အတွက် မင်းရဲ့ဖြစ်တည်မှုက အချစ်ဆိုတာ သေချာကတည်းက ကိုယ်ဟာမင်းနဲ့ပတ်သက်သမျှ ကိစ္စတိုင်းမှာ ရှုံးနိမ့်နေပြီးသား!! ကိုယ့်အတွက်မင်းရဲ့ဖြစ်တည်မှုက အချစ်ဆိုတာသေချာကတည်းက ကိုယ်ဟာမင်းနဲ့ပတ်သက်သမျှ ကိစ္စတိုင်းမှာ ရှုံးနိမ့်န...