#1

842 94 7
                                    

မောင်...

ပထမဆုံးအနေနဲ့ fan girlရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါရစေ။

မြန်မာလိုဆိုရင်တော့ ပုရိသတ်ပေါ့လေ  ...
ရှေးခတ်က မင်းသားကြီးရွှေဘတို့၊
ဦးဖိုးစိန်တို့၊ဦးဝင်းဦးတို့ကို အားပေးခဲ့တဲ့ မောင့်အဖွားတွေ...အမေတွေ...အဒေါ်တွေလိုပါပဲ။

အဲ...
ဘာပိုထူးခြားသွားလဲဆိုတော့ ဖေ့ဘွခ်ခေတ်ဆိုတော့ အမြင်တွေ ပိုကျယ်လာ၊
သတင်းဖလှယ်ကြနဲ့...
ဆယ်ကျော်သက်ကောင်မလေးတွေ တဝက်လောက်က fan girlတွေဖြစ်ကုန်ကော။

Streamမယ်...
Supportမယ်...
ဖေ့ဘွခ်မှာ feelမယ်...
Ppတွေ၊စတစ်တပ်တွေ တင်မယ်...
ဒါတွေနဲ့ပဲ တိုင်ပတ်ပြီး ကိုယ်နဲ့ဖုန်း၊
ဖုန်းနဲ့ကိုယ်ပဲ RSချိတ်ထားသလို ဖြစ်နေတာပေါ့လေ

အာ...အဲ့မှာ မောင်တို့ တင်းပြီပေါ့
'ကောင်မတွေ...ငါတို့ကျ မကြိုက်ကြဘူး။
မရတဲ့ကောင်တွေပဲ တ,နေတယ်'
အဲ့လိုနဲ့ တယောက်စ,လိုက်ရင် ကျန်တဲ့လူတွေကပါ...
'ဟုတ်ပ...သုတ်ကြောင်နေတာ'
'ထားပါကွာ...နောက်ဆုံး မြန်မာကဟာတွေနဲ့ပဲ ယူရမှာ'
တညီတညွှတ်ကြီး ဝိုင်းဆဲကြပါလေရော...

ကဲ...
အဲ့မှာ ကောင်မလေးတွေက ပြန်ဆဲပြီ။

စ,ပြီလေ...
ဇာတ်လမ်းက အဲ့မှာတင် စ,ပြီ။
'တနေ့လုံးထိုင်မန့်လို့မှ အဖတ်ပြန်မလုပ်တဲ့ ကောင်မလေးက ကိုယ့်အောက်ဝင်ဆဲတယ်ဟဲ့'
ဆိုပြီး မာန်တွေတက်၊ ပြုံးပြုံးကြီး ထပ်ဆဲ...
မရှိ,ရှိတဲ့ ဆဲနည်းတွေရှာ...
Memeတွေ ထိုင်လုပ်...

ဒီကြားထဲ ' မောင်တို့လို အမျိုးကောင်းသားတွေကိုပဲကြိုက်ထှာငှယ်'
ဆိုတဲ့ ဗိုင်းကောင်းကျောက်ဖိ ရင်ဖုံးမတွေက
'ညီမတို့ကတော့ တရွာတည်းသားပဲ ကြိုက်တာပါရှင်...အက်လိုတွေ မကြိုက်တတ်ဘူး သက်လား...ဂယ်ဘဲ ဂယ်ဘဲ'ဆိုတဲ့ mentတွေကြောင့် အားတွေရှိ...
ထပ်ဆဲ။

မပြီးတော့ဘူး...

ပြောချင်တာကတော့လေ...
မပင်ပန်းဘူးလား မောင်။

မြန်မာနိုင်ငံကို ဘယ်သူလာလာ ထိုင်ဆဲနေရတာ မပင်ပန်းဘူးလားဟင်?
တနေ့ တနေ့ ဟိုလူ့အောက် ဝင်ဆဲရ၊
ဒီလူ့အောက် ဝင်ဖြဲရနဲ့

အဲ့လို အချိန်ကုန်ခံနေမယ့်အစားလေ
ရင်ဖုံးမတယောက်ကို cbကနေ သွားကြောင်နေလိုက်တာ ပိုမကောင်းဘူးလား?

Fan girlဆိုတဲ့အမျိုးကလေ_
မောင်တို့ကို ဆဲပြီး၊reportထုပြီးသွားရင် သတိရဖို့နေနေသာသာ အီးတောင်လှည့်မပေါက်တတ်ဖူးရှင့်

မရ,တာ ရတာထပ်...လူတိုင်းကတော့ ကောင်းကင်ကကြယ်ပဲ လိုချင်ကြတာ မောင်ရဲ့။
မြေထဲက ခွေးချီးပုံကို ဘယ်သူမှ အဖတ်မလုပ်ဘူးရှင့်...သိရဲ့လား?
သူတို့ idolနဲ့ မောင့်ရုပ်က ဘယ်လိုကွာလဲ အသိသာကြီး...

မောင့်ရုပ်က ဝုတ်ဝုတ်မတောင် ထမှမဟောင်ရဲတာကို...

အဲ့တာမို့ပါမောင်ရယ်
မောင့်အတွက်ပြောတာပါ။

ရင်ဖုံးမတွေ အများကြီးကျန်သေးတာပါ။
စိတ်တူကိုယ်တူဆို သိပ်တောင်ကြောင်..အဲ..လိုက်စရာမလိုဘူး...
ဟုတ်ဖူးလား။

အမ်!
ရည်းစားကို fan girlရထားတဲ့ ကောင်လေးတွေလား?
အာ...သူတို့က အနေတတ်,အထိုင်တတ်တယ်မောင်ရဲ့။
ဘယ်လောက်နေတတ်လဲဆိုရင် ရည်းစားတောင်ဖြစ်နေပြီဆို...။

ဒီခေတ်မှာ fan girlချောချောလေး၊
idolကလွဲရင် ဘာအာရုံမှမရှိတတ်တဲ့မိန်းကလေးကို လိုချင်တယ်ဆိုရင် ဥာဏ်ရည်ရှည်ရတယ်ရှင့်။
ဥာဏ်ပုပုနဲ့ ထိုင်ဆဲနေပြီး လိုချင်လို့တော့ မရဘူးလေ...နော့်...။
မမှန်းနဲ့...မောင့် တစ်ဘဝ မရနိုင်တဲ့ဥာဏ်ရည်မျိုး။

ဒါတွေကြောင့်...
စိတ်ကူးမလွဲနဲ့တော့နော် မောင်။
ကျွန်မပြောတာအားလုံး မောင့်အတွက်ချည်းပါပဲ။

မောင့်ဥာဏ်အပုလေးအား ရှည်စေချင်သော စေတနာဖြင့်_____

#Swan

ဘားမှမုတ်ဖူး...
တင်းနေတာတွေ ရေးထားတာ😝😝😝

ကျွန်မက Fan_girlပါ မောင်Where stories live. Discover now