မောင်...
မောင်တို့ယောက်ျားတွေ ပြောနေကျစကားလေးရှိတယ်...ဘာတဲ့...
'စော်တွေလန်းရင်တောင် ငါတို့က အဲ့လောက်မဟုတ်ဖူး။
မိန်းမတွေကိုက ရွတာ'_ဆိုတာလေး။ဩ...မောင်ရယ်...
မိန်းကလေးဆိုတာလေ...
လက်ထဲမှာ မိတ်ကပ်ဘူးရှိတဲ့ အမျိုးရှင့်။
ဒီခေတ် ဒီကာလကြီးမှာလေ...ပြင်လိုက် ဆင်လိုက်ရင် စွရမ်းတွေ ချောသွားကြတာချည်းပဲ။
အဲ့လောက်မဟုတ်ပေမယ့် အဲ့လောက်နီးနီးပါပဲရှင်။ဟိုစော်လေးကလည်းချော...
ဒီစော်လေးက လှနဲ့...
မောင်တို့အမျိုးကောင်းသားတွေခဗျာ ဘယ်နှယ့်များidolဘက်လှည့်နိုင်မှာတုန်း!!
FBပေါ်တက်ဆဲဖို့ကလည်း billဖိုးလေး ချန်ရသေးတာကိုး...ကျွန်မတို့ မိန်းမတွေကတော့ မတူဘူးရှင့်!
မောင်တို့အမျိုးကောင်းသားတွေရဲ့ မွေးရာပါရုပ်၊
အမေစေတနာရှိသလောက်မွေးထားတဲ့ရုပ်၊
မပြင်မဆင် အချိုင့်အဖုတွေရှိတဲ့ရုပ်တွေပဲ မြင်နေရတာလေ!
အဲ့တော့ idolကို သဲသဲလှုပ်ရပြီပေါ့ မောင်ရဲ့။မှန်ရှိရင် ကိုယ့်ရုပ်ကိုယ်သိဖို့....
#Swan
YOU ARE READING
ကျွန်မက Fan_girlပါ မောင်
Literatura Faktuမြန်မာနိုင်ငံရှိ အမျိုးကောင်းသားတို့အား သိစေလိုသော အကြောင်းအရာအချို့... (fan boyများအား မရည်ရွယ်ပါ)