#3

424 55 8
                                    

မောင်...

ကျွန်မ FMတွေသွားတယ်။
လူအများကြီးနဲ့သိလာတယ်...
နေရာတွေ အများကြီးရောက်ဖူးတယ်...
လေဆိပ်မှာ foreignerတွေနဲ့ စကားပြောဖို့ မကြောက်တော့ဘူး။
အများကြီးလည်း သည်းခံတတ်လာတယ်။
မတရား ရင့်ကျက်လာတယ်

ကျွန်မ idolတွေကို ကြိုက်တယ်။
သူတို့ရဲ့ nativeစကားကိုသင်နိုင်ဖို့ ကြိုးစားတယ်။
သူတို့နိုင်ငံတွေရဲ့ အထင်ကရနေရာတွေ သိလာတယ်။
အသိဥာဏ်တွေ တပုံတခေါင်းရတယ်

ကျွန်မ သူတို့ရဲ့ series, movieတွေကြည့်တယ်။
သီချင်းတွေနားထောင်တယ်။
မိန်းကလေးတယောက်အတွက် အချစ်ဆိုတာ_ လမ်းကြုံရည်းစားစကားပြောတတ်တဲ့ ဒီဘက်ခေတ်ရဲ့လူအချို့ကို ရင်ခုန်စရာမလိုကြောင်းသိလာတယ်

သူတို့ရဲ့ interviewတွေ...
Activityတွေကြောင့်
သူတို့ရဲ့စိတ်နေစိတ်ထားက ကိုယ့်ထက်ရုပ်ချောတဲ့လူဆိုတာနဲ့ဆဲချင်နေတဲ့ မောင်တို့လိုလူတွေနဲ့ ဘာမှမသက်ဆိုင်မှန်း အရမ်းသိသာတယ်

ကျွန်မက fan_girlတယောက်ပါ မောင်...

'နင် ရမှာလည်းမဟုတ်ပဲ ကြိုက်နေသေးတယ်'_
ဆိုတဲ့ ယုတ်ညံ့ညံ့အပြောကို
'လူတယောက်ကို ကိုယ်ကချစ်တာနဲ့ပဲ ရမှဖြစ်မယ်ဆိုပြီး မတွေးဖူးဘူး'_လို့ ပါးပါးလေး ပြန်ပုတ်ချတတ်တယ်။

Socialကျလာမှု...
အပေါင်းအသင်း ဝင်ဆံ့မှု...
လူကဲခတ်တတ်မှု...

ဒါတွေကို ရင်ဖုံးမလုပ်ဖို့ မလဲနိုင်ခဲ့ဘူး မောင်...

နောင်တလည်း ရစရာမရှိပါဘူး။
ကိုယ့်ရဲ့လက်ရှိအတွေးအခေါ်နဲ့ အသိဥာဏ်က ရင်ဖုံးမတွေထပ် အများကြီးသာမှန်း သိသာနေဆဲမို့...

#Swan

ကျွန်မက Fan_girlပါ မောင်Where stories live. Discover now