Prologue

3.2K 139 1
                                    

ကောင်းကင်မှာ အနည်းငယ် အုံ့မှိုင်းလို့နေသည် အချိန်အခါမဟုတ် မိုးပြေးကြောင့် မိုးစက်မိုးပေါက်လေးတို့က တဖွဲဖွဲကျလို့နေသည်

အခန်းတွင်းမှ အသက် 5နှစ်အရွယ် ကလေးတစ်ယောက် ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်ရင်း ကျဆင်းနေသည့် မိုးစက်မိုးရေပေါက်တို့၏ စီးဆင်းသံတွင် စီးမျောရင်း

"Hyung ကစားမယ်လေ Jiminnie hyung "

ဘေးမှာ အပူကပ်နေသော 3နှစ်အရွယ်ကလေးလေး

“omm omm အောက်ထပ်မှာ သွားဆော့ကြမယ်”
အောက်ထပ်ကိုဆင်းလာတော့

“ Jimin ahh ဂုဏ်ယူပါတယ်ကွာ သား ညီလေးတစ်ယောက်ရပြီ သားအဖေက ပြောပေးပါတဲ့”

“ Jung kook ah သားလည်း ညီလေးတစ်ယောက်ရတာပေါ့ ”
“မနက်ဖြန် သားအမေ ဆေးရုံက ဆင်းမယ်တဲ့”
ဝမ်းသာအားရနဲ့ပြောပြရှာတယ်

ဒါဆိုမနက်ဖြန် အဖေရယ်အမေရယ် အပြင် ညီလေးပါ ပါလာတော့မှာပေါ့ ကျနော်နဲ့ jungkook ထခုန်မိသည်။

ဒီနေ့နဲ့ဆို အဖေ့သူငယ်ချင်းရဲ့ အိမ်မှာ နေတာ တစ်ပတ်ပြည့်သည့်နေ့၊အမေ ဆေးရုံတင်ထားတော့ အဖေက ကျနော့်ကို သူ့သူငယ်ချင်းရဲ့အိမ်မှာ အပ်ထားခဲ့တယ် အားလုံးကလည်း ကျနော့်ကို ချစ်ကြတယ

် ဒါ့အပြင်
jungkook ကလည်း အကိုမရှိတော့ ကျနော့်ကိုအရမ်းမင်ရှာတယ်
Jungkook လေးက အရမ်းချစ်ဖို့ကောင်းတယ် အခုတော့ ကျနော် ချစ်စရာကောင်းတဲ့ ညီလေးတစ်ယောက်ထပ်ရတော့မှာပေါ့

………………………………………………………


အမေလည်းဆေးရုံဆင်း ၊အဖေကလည်းအလုပ်ခွင်ပြန်ဝင် ကျနော်နဲ့ jung kook က ညီလေးကို ထိန်းကျောင်းရင်း နှစ်တွေလတွေ အလီလီကုန်ဆုံးလာခဲ့သည်


ဒီလိုနှင့် 2005ခုနှစ် နွေဦးကျောင်းဖွင့်ချိန် 🍁🍁🍃




အမြဲကျောင်းနောက်ကျတဲ့ ကျနော့်ကို ခေါ်ဖို့ jung kook ရောက်လာတယ်

“hyung ပြီးပြီလား ”

“ ခဏစောင့် jungkook ah ”
ကျနော့်အပြောကြောင့် နှုတ်ခမ်းကစူသွားသည် ဒါဟာနေ့စဉ်ဖြစ်နေကျ

အောက်ထပ်ကို2ယောက်ဆင်းလာတော့ ဖုန်းပြောနေသည့် အဖေ့စကားသံသဲ့သဲ့ကို ကျနော် ကြားလိုက်ရသည်

“ဒါဆို ကျနော် ဂယောင်းဂီဒိုကို ပြောင်းရမှာပေါ့ ပြီးတော့ ဒီအပတ်အတွင်း ချက်ခြင်းလား ကျနော့်မိသားစုပါ အပြီးလိုက်ပြောင်းရမှာလား ဆရာ”

Jungkook နဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြရင်း အိမ်ကနေ ထွက်လာခဲ့ကြတယ်

ကျောင်းအသွားလမ်းမှာ 2ယောက်လုံး နှုတ်ဆိတ်စွာနဲ့ ကိုယ့်အတန်းကိုဝင်ခဲ့ကြတယ်

ထိုနေ့တစ်နေ့လုံး ကျနော် အတန်းပြင်တောင်မထွက်ဖြစ်ခဲ့

အရင်က jungkook နဲ့ ဘယ်မှာကစားမယ် ဘာလုပ်မယ်နဲ့ 2ယောက်သား ငြင်းခုံနေကျ အိမ်အပြန်လမ်းဟာလည်း အခုတော့ ခြောက်ကပ်လျှက်

2ယောက်လုံးစကားမပြောဖြစ်ပဲ အိမ်ပြန်ခဲ့ကြတယ်

အိမ်ပြန်ရောက် ခြေလက်ဆေးပြီးတော့ အဖေက

“Jimin ah အဖေပြောစရာရှိတယ် အဖေတို့ ဒီအပတ်အတွင်း အိမ်ပြောင်းရမယ် သားကျောင်းကိစ္စနဲ့ပတ်သက်ပြီး အကုန်စီစဉ်ပေးမယ် စိတ်မပူနဲ့”

“ဒါဆို သား ဒီမှာနေလို့မရတော့ဘူးပေါ့နော်”

“ဟုတ်တယ်သား သားစိတ်မကောင်းဖြစ်မယ်ဆိုတာ အဖေသိပါတယ် ဒါပေမယ့် အလုပ်ကြောင့်ဆိုတော့အဖေလည်း မတတ်နိုင်လို့ပါ ဟိုဘက်အိမ်က ညီလေး jungkook နဲ့ဆော့ချင်ရင် ကျောင်းပိတ်ရက် အဖေ ဒီကိုလာပို့ပေးမယ်လေ ဟုတ်ပြီလား”

မတတ်သာ၍ ခေါင်းသာညိတ်လိုက်ရပေမယ့် စိတ်ထဲကတော့ မကျေနပ်နိုင် ဇာတိမြေ busan ၊ မိသားစုလို ခင်မင်ရတဲ့ jungkook တို့မိသားစု ကို ဒီအပတ်ထဲမှာပဲ ခွဲခွါရတော့မယ်တဲ့

နောက်ဆုံးတော့ ပြောင်းရမယ့်ရက်ကို ရောက်လာခဲ့ပြီ

ပစ္စည်းတွေသယ် ၊ကားထွက်တော့မယ့်အချိန် jungkook တို့မိသားစုလာနှုတ်ဆက်တယ်

jungkook ရဲ့ မျက်နှာသိပ်မကောင်း

“jung kook ah hyung ကျောင်းပိတ်ရက်ရောက်ရင် လာမယ်လေ Hyung ကို စောင့်နေ လိမ္မာတယ် ok ”

“အင်း ……”

“ဒါဆို hyung သွားပြီ”

Jungkook ကိုနှုတ်ဆက်ပြီး ကားကလည်း စတင်ထွက်ခွါခဲ့တယ်
နည်းနည်းလှမ်းတော့မှ 

"့hyung ကတိတည်ရမယ်နော် ကျနော့်ကို မမေ့နဲ့” ဆိုတဲ့ jungkook ရဲ့အော်သံကိုကြားလိုက်ရတယ်

Hyung မင်းကိုမမေ့ပါဘူး ~~~~~

ဒါဟာ မုသားသက်သက်ဖြစ်ခဲ့မယ်ဆိုတာ ဘယ်သူမှကြိုမသိခဲ့ဘူး

#LUSB #Jimin #Jungkook

Love You So Bad Where stories live. Discover now