Love you so Bad (LUSB -1)

1.5K 114 6
                                    


နှစ်20ခန့်ကြာသော် ----------






DJ သံနှင့်အတူ ကခုန်မြူးတူးနေသော လူငယ်များနှင့်အတူ ဆူညံသံတို့ဖြင့် ပြည့်နှက်နေသော club အတွင်း

လက်တစ်ဖက်မှ beer ခွက်ကိုကိုင်ပြီး ကျန်လက်တစ်ဖက်က မိန်းကလေးတစ်ယောက်၏ ပုခုံးကို အနောက်မှသိုင်းဖက်ရင်း ခြေတစ်ဖက်ချိတ်ကာ သားရဲတွင်းမှ မုဆိုးတစ်ယောက် သားကောင်ကို ကြည့်နေသလို  စူးရှသော မျက်လုံးအစုံနှင့် ထိုမိန်းကလေးကို ကြည့်နေသော ယောက်ျားလေး

မုဆိုး၏ ကျော့ကွင်းတွင် မိနေသော်ငြားလည်း ထိုမုဆိုးလက်တွင် ကျေနပ်နေသည့် သားကောင်ပမာ ပျော်မွေ့နေသော ထိုမိန်းကလေး

“ကို တို့ဘေးမှာပဲနေပေးပါလားဟင် ကို စိတ်မပျက်စေရပါဘူး”

“ကိုလည်း sweety ဘေးမှာနေချင်တာပေါ့ ဒါပေမယ့် ကို့အလုပ်က သီချင်းဆိုတာလေ ကို့သီချင်းကို sweety ရော နားထောင်ချင်တယ်မလား”

“နားထောင်ချင်တာပေါ့ ဒါပေမယ့် ကို့အသံကို sweety တစ်ယောက်တည်း နားထောင်ချင်တာ တခြားသူတွေနားထောင်တာ sweety မလိုချင်ဘူး”

“အဲ့လိုတော့ဘယ်ရမလဲ sweety ရယ်”

“မသိဘူး sweety ကို့ကို အပိုင်လိုချင်တယ် ……….sweety လည်း ကိုယ့်ကိုကိုယ်သိပါတယ် ဒါပေမယ့် သူ့လက်ထဲက လွတ်အောင် sweety ကြိုးစားနေတယ် သူ့လက်ထဲကလွတ်ရင် ကို့ကို sweety အပိုင်သိမ်းလို့ရမလား ကို ……”

ရော် ခက်ချေပြီ ကိုဖော်တဲ့ဆေး ကိုမစားနိုင်ဆိုတဲ့အဖြစ်တော့ ကျနော် မဖြစ်လို ဒါပေမယ့် ဒီတစ်ယောက်က ကျနော့်အပေါ် လုံးဝကျနေပြီ ဒီအဖြေကို မဖြေပဲ စကားလွှဲလိုက်သည်

“ကို သွားတော့မယ် sweety အားလုံးစောင့်နေကြပြီ”

“ကို …..sweety ကိုဖြေသွားဦးလေ” ...

သူ့အပြောကို မကြားချင်ယောင်ဆောင်ကာ wink တစ်ချက်လုပ်ပြပြီး သူ့ကို ကျောခိုင်းကာ stage ပေါ်တက်လာခဲ့လိုက်သည်

သံစဉ်ထွက်လာပြီး ကျနော် mood အပြည့်ထည့်ကာ သီချင်းကို စတင်လိုက်သည်

Lie 

ကျနော်နှစ်သက်သည့် သီချင်း
အားလုံးကျနော့်သီချင်းသံမှာ အညို့ခံလိုက်ရသလို စီးမျောလိုက်ပါနေတာကို ကျနော်တွေ့တယ်
ကျနော် ဒီသီချင်းကို ဆိုရတာ အရမ်းကြိုက်တယ်

Love You So Bad Where stories live. Discover now