VVIP

183 24 0
                                    

Unicode

တစ်ခါကပေါ့ ညီညီက ကိုယ့်ကိုဖြေရခက်တဲ့ မေးခွန်းတစ်ခုမေးတယ်။ ခင်မင်မှုတွေကိုသာ အဆင့်သတ်မှတ်မယ်ဆိုရင် အစ်ကိုက ကျွန်တော့ကို ဘယ်အဆင့်မှာ ထားမှာလဲတဲ့။ အဲ့ဒီမေးခွန်းကြားတော့ ငယ်ငယ်က ကလေးတွေကို လူကြီးတွေ အမြဲမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုကို သွားသတိရမိတယ်။ ဖေဖေကြီးကို ချစ်လားမေးလို့ ကလေးက ချစ်တယ်ဆိုရင် ဘယ်လောက်ထိချစ်လဲလို့ ထပ်မေးပြန်ရော။ အဲ့ဒီအခါ ကလေးတွေက ဒီလောက်ကြီးချစ်တယ်ဆိုပြီး လက်ကလေးကို အဝိုင်းကြီးကြီးလုပ်ပြလေ့ရှိတယ်။ ကိုယ်လည်း အဲဒီလိုပဲ လုပ်ပြရင် ကောင်းမလား စဉ်းစားမိသေးတယ်။ ဒါပေမယ့် ညီညီက ဘယ်လောက်ချစ်လဲလို့ မေးတာမှ မဟုတ်တာ။ ဒီတော့ သိရဲ့သားနဲ့ မေးနေရလားလို့ပဲ ပြန်ပြောလိုက်ရင် ကောင်းမလား။ ဒါမှမဟုတ် ညီညီကသာ အခင်ဆုံးပါလို့ပဲ ဖြေလိုက်ရမလားပေါ့။ တကယ်တော့ ညီညီက လူလည်ကျလွန်းတာပါ။ ကိုယ့်ရင်ခွင်ကို တံခါးမခေါက်ပဲဝင်လာခဲ့ပီးမှ ဘယ်သူလဲ မေးနေသေးတယ်။

တချို့ကိစ္စတွေကြောင့် ညီညီနဲ့ ကိုယ် သဘောထားမတိုက်ဆိုင်တဲ့ အခါမျိုးဆို ညီညီက ကိုယ့်ကို စကားနာထိုးတတ်သေးတယ်။ 'ခင်ဗျားက ကျွန်တော်ခင်သလို မခင်ပါဘူး တဲ့။ အဲ့ဒီလို စကားကြားတိုင်း ကိုယ့်မှာ ညီညီများ ကိုယ့်ကို မုန်းသွားမလားဆိုပြီး ပျာပျာသလဲ ရှင်းပြရတာ အမောပေါ့။ ညီညီမသိတာက ကိုယ့်စကားတွေကို ညီညီအထအနကောက်တတ်သလို ညီညီနှုတ်ထွက်စကားမှန်သမျှကိုလည်း ကိုယ်အသေးစိတ်ဂရုစိုက်တတ်တယ် ဆိုတာကိုပေါ့။ ဒါပေမယ့်လည်း ညီညီရယ်။ ညီညီမှာ အမုန်းတွေထက် အချစ်တွေပဲ များနေတယ်ဆိုတာကိုတော့ ကိုယ်နောက်ကျမှ သိခဲ့ရတယ်။ ကိုယ့်ဆီကအချစ်တွေကိုတော့ ညီညီက တစ်ယောက်တည်း အပိုင်သိမ်းချင်ပြီး ညီညီရဲ့အချစ်တွေကိုတော့ တစ်ချို့ လူတွေကို ခွဲဝေပေးနေမယ်လို့ မထင်ခဲ့မိဘူး။ အကြောင်းတိုက်ဆိုင်တဲ့အခါမှာတော့ ခါးသီးတဲ့အမှန်တရားတချို့က ပေါ်လာခဲ့တယ်။ မတော်တဆ ညီညီဖုန်းလေးရဲ့ Incoming call လေးကို ကြည့်မိတဲ့အခါမှာပေါ့။ ညီညီရဲ့ privacy ထဲမှာ ကိုယ့်ထက်အရေးပါတဲ့သူတစ်ယောက် ရှိနေခဲ့တယ်လေ။ သူက မမတဲ့လား. . .

......TBC

Zawgyi

တစ္​ခါက​​ေပါ့ ညီညီက ကုိယ္​့ကို​ေျဖရခက္​တဲ့ ​ေမးခြန္​းတစ္​ခု​ေမးတယ္​။ ခင္​မင္​မႈ​ေတြကိုသာ အဆင္​့သတ္​မွတ္​မယ္​ဆိုရင္​ အစ္​ကိုက ကြၽန္​​ေတာ့ကို ဘယ္​အဆင္​့မွာ ထားမွာလဲတဲ့။ အဲ့ဒီ​ေမးခြန္​းၾကား​ေတာ့ ငယ္​ငယ္​က က​ေလး​ေတြကို ​လူႀကီး​ေတြ အျမဲ​ေမး​ေလ့႐ွိတဲ့ ​ေမးခြန္​းတစ္ခု​ကို သြားသတိရမိတယ္​။ ​ေဖ​ေဖႀကီးကို ခ်စ္​လား​ေမးလို႔ က​ေလးက ခ်စ္​တယ္​ဆိုရင္​ ဘယ္​​ေလာက္​ထိခ်စ္​လဲလို႔ ထပ္​​ေမးျပန္​​ေရာ။ အဲ့ဒီအခါ က​ေလး​ေတြက ဒီ​​ေလာက္ျကီး​ခ်စ္​တယ္​ဆိုၿပီး လက္​က​ေလးကို အဝုိင္​းႀကီးႀကီးလုပ္​ျပ​ေလ့႐ွိတယ္​။ ကုိယ္​လည္​း အဲဒီလိုပဲ လုပ္​ျပရင္​ ေကာင္​းမလား စဥ္​းစားမိ​ေသးတယ္​။ ဒါ​ေပမယ္​့ ညီညီက ဘယ္​​ေလာက္​ခ်စ္​လဲလို႔ ​ေမးတာမွ မဟုတ္​တာ​။ ဒီ​ေတာ့ သိရဲ႕သားနဲ႔ ​ေမး​ေနရလားလို႔ပဲ ျပန္​​ေျပာလိုက္​ရင္​ ​ေကာင္​းမလား။ ဒါမွမဟုတ္​ ညီညီကသာ အခင္​ဆံုးပါလို႔ပဲ ​ေျဖလိုက္​ရမလား​ေပါ့။ တကယ္​​ေတာ့ ညီညီက လူလည္​က်လြန္​းတာပါ။ ကိုယ္​့ရင္​ခြင္​ကို တံခါးမ​ေခါက္​ပဲဝင္​လာခဲ့ပီးမွ ဘယ္​သူလဲ ​ေမး​ေန​ေသးတယ္​။

တခ်ိဳ႕ကိစၥ​ေတြ​ေၾကာင္​့ ညီညီနဲ႔ ကုိယ္​ သ​ေဘာထားမတိုက္​ဆိုင္​တဲ့ အခါမ်ိဳးဆို ညီညီက ကိုယ္​့ကို စကားနာထိုး​တတ္​​ေသးတယ္​။ 'ခင္​ဗ်ားက ကြၽန္​​ေတာ္​ခင္​သလို မခင္​ပါဘူး တဲ့။ အဲ့ဒီလို စကားၾကားတိုင္​း ကိုယ္​့မွာ ညီညီမ်ား ကိုယ္​့ကို မုန္​းသြားမလားဆိုၿပီး ပ်ာပ်ာသလဲ ႐ွင္​းျပရတာ အ​ေမာ​ေပါ့။ ညီညီမသိတာက ကုိယ္​့စကား​ေတြကို ညီညီအထအန​ေကာက္​တတ္​သလို ညီညီႏႈတ္​ထြက္​စကားမွန္​သမွ်ကိုလည္​း ကုိယ္​အ​ေသးစိတ္​ဂ႐ုစိုက္​တတ္​တယ္​ ဆိုတာကို​ေပါ့။ ဒါ​ေပမယ္​့လည္​း ညီညီရယ္​။ ညီညီမွာ အမုန္​း​ေတြထက္​ အခ်စ္​​ေတြပဲ မ်ား​ေနတယ္​ဆိုတာကို​ေတာ့ ကိုယ္​​ေနာက္​က်မွ သိခဲ့ရတယ္​။ ကုိယ္​့ဆီက​အခ်စ္​​ေတြကို​ေတာ့ ညီညီက တစ္​​ေယာက္​တည္​း အပိုင္​သိမ္​းခ်င္​ၿပီး ညီညီရဲ႕အခ်စ္​​ေတြကို​ေတာ့ တစ္​ခ်ိဳ႕ လူေတြကို ခြဲ​ေဝ​ေပး​ေနမယ္​လို႔ မထင္​ခဲ့မိဘူး။ အ​​ေၾကာင္​းတိုက္​ဆိုင္​တဲ့အခါမွ​ာေတာ့ ခါးသီးတဲ့အမွန္​တရားတခ်ိဳ႕က ​ေပၚလာခဲ့တယ္​။ မ​ေတာ္​တဆ ညီညီဖုန္​း​ေလးရဲ႕ Incoming call ​ေလးကို ၾကည္​့မိတဲ့အခါမွာ​ေပါ။့ ညီညီရဲ႕ privacy ထဲမွာ ကုိယ္​့ထက္​အ​ေရးပါတဲ့သူ​တစ္​​ေယာက္​ ႐ွိ​​ေနခဲ့တယ္​​ေလ။ သူက မမတဲ့လား. . .

......TBC

ကိုကိုရယ် ညီညီရယ် ဂစ်တာတစ်လက်ရယ်Where stories live. Discover now