•အချစ်​ဦး•

1.9K 200 139
                                    

ဆောင်းရာသီဖြစ်​ပါ၏။

ပြာလွင်​​သော​ကောင်းကင်​ရယ်​က ​နေ​ရောင်​ခြည်​​နွေး​နွေး​ကြောင့်​ ပိုမို​တောက်​ပ​နေပါ၏။

ဒုတိယထပ်​ရှိ စာကြည့်​ခန်းအတွင်းထိုင်​​နေရင်းမှ ပြတင်း​ပေါက်​အားဖွင့်​ကြည့်​မိသည်​။အေးမြ​သော ​ဆောင်း​လေက လူတစ်​ကိုယ်​လုံးအားချမ်းစိမ့်​သွား​စေသည်​။ထို့အတူ ခြံအတွင်းရှိ နှင်းဆီပန်းခင်းမှ ရနံ့ ချိုချိုသည်​ကလည်း ကျွန်​​တော့နှလုံးသားအား နာကျင်​​သွား​စေပါ၏။

ကျွန်​​တော့်ခြံထဲတွင်​ နှင်းဆီပန်းအိုး စုစု​ပေါင်း 51 အိုးရှိသည်​။ကျွန်​​တော်​ အသက်​ 19 နှစ်​ကစ၍ တစ်​နှစ်​တစ်​အိုး စိုက်​ပျိုးခဲ့သည့်​ နှင်းဆီဝါ​တွေ။

သူသည်​က နှင်းဆီအဝါအား သိပ်​နှစ်သက်​ပါ၏။

ကျွန်​​တော်​သည်​ကား ပန်းစိုက်​ရခြင်းကို သ​ဘောကျသည်​မဟုတ်​။သို့​သော်​ငြား....သူ့အကြိုက်​​ပေမို့။

ရင်​ထဲက​အောင့်​မျက်​မှုနှင့်​အတူ ကျွန်​​တော်​၏ မိသားစုအ​ပေါ် သစ္စာမဲ့မှုသည်​က မျက်​ဝါးထင်​ထင်​။ကျွန်​​တော်​ သူ့အား ယ​နေ့ ထိတိုင်​ ကျွန်​​တော်​ သတိရ​နေဆဲ ဖြစ်​ပါ၏။

ရင်​ထဲကလှိုက်​စား​နေ​သော ဒဏ်​ရာသည်​က လွန်​ခဲ့​သော နှစ်​ငါးဆယ်​မှ အစပြု၍ ယ​နေ့ထိတိုင်​ ကိုက်​ခဲ​နေဆဲပါ​လေ။

ဤရာသီကို​ရောက်​လျှင်​ သူ့အားတမ်းတသည်​။
နှင်းဆီဝါ​တွေ မြင်​လျှင်​ သူ့အားသတိရသည်​။
Jazz သီချင်း​တွေကြားလျှင်​ သူ့အားမြင်​​ယောင်​သည်​။

သူ့ ရုပ်​လွှာမဆိုထားနှင့်​ သူ့အပြုအမူ​သေး​သေးက​လေးကအစ အမှတ်​တရဖြစ်​​နေဆဲ ဤမှတ်​ညဏ်​သည်​ ကျွန်​​တော့အား အစဉ်​သဖြင့်​ နှိပ်​ဆက်​​နေဆဲသာ။

ပြတင်း​ပေါက်​မှမြင်​ရ​သော ​ကောင်းကင်​အပြာ​ရောင်​အား ​ငေးမိသည်​။ကျွန်​​တော်​ခိုနားဖူး​သော သူ့ရင်​ခွင်​အား လွမ်းဆွတ်​မိသည်​။သူ့တွင်​​ ​ကောင်းကင်​နှင့်​တူ​သော ရင်​အုပ်​ကျယ်​ကျယ်​ရှိသည်​။

အချစ်​​ဦး(Zawgyi+Uni)Onde histórias criam vida. Descubra agora