မိုးကလေးဖွဲတဲတဲ
ထီးအပြာရောင်လေးတစ်လက်
သူမစောင်းလျက်
ကျောင်းသွားခဲ့တယ်
ထီးကလေးလည်းပျော်လို့
သူမကိုကာကွယ်ပေးနေမိတယ်
သူမကျောင်းရောက်တော့
ထီးကလေးခေါက်ပြီး
အပြင်မှာချိတ်ထားခဲ့လိုက်တယ်
ထီးကလေးသူမကိုငေးကြည့်ကာ
ကျန်ရစ်ခဲ့တယ်။
ကျောင်းခေါင်းလောင်းထိုးတော့
မိုးတိတ်ပြီးနေတွေပူနေတော့တယ်
သူမထီးကလေးကိုမေ့ကျန်ခဲ့ပြီး
ကျောင်းအပြင်ကိုပြေးသွားခဲ့တယ်
ထီးကလေးဝမ်းနည်းစွာကျန်ရစ်ခဲ့တယ်။မနက်ဖြန်မနက်လမ်းမှာမိုးများရွာချတယ်
သူမသတိရလိုက်တာကထီးကလေး
သူမကျောင်းကိုမိုးရည်တွေရွဲပြီးလာခဲ့တယ်
သူမကိုမြင်တော့ထီးကလေးဝမ်းနည်းခဲ့တယ်။
သူမကိုကာကွယ်ပေးချင်ခဲ့တယ်။
သူမထီးကလေးကိုခေါက်ပြီး
လွယ်အိတ်ထဲထည့်လိုက်တယ်။သူမအိမ်ပြန်ရောက်တော့
သူမအမေအနွေးထည်လေးဝယ်လာခဲ့တယ်။
သူမအရမ်းကြိုက်တဲ့အရာပေါ့
သူမပျော်ရွှင်ခဲ့တယ်။မိုးရာသီကုန်လို့
ဆောင်းတွင်ရောက်တဲ့အခါ
သူမအနွေးထည်လေးဝတ်ပြီး
ကျောင်းသွားခဲ့တယ်။
ထီးကလေးကသူမကိုငေးကြည့်နေမိတယ်။
ဒါပေမယ့်သူမသတိမေ့နေခဲ့တယ်။ညနေရောက်တော့
မိုးကအမှတ်မထင်ရွာချခဲ့တယ်
ထီးကလေးလည်းသူမအတွက်
ငိုခဲ့တယ်။
သူမအတွက် ကာကွယ်ပေးခွင့်
ထက်ရှိအုံးမလား။