"ရော့ ဒီမှာ"
အသံနဲ့အတူ စားပွဲပေါ်ရောက်လာတဲ့ chocolate cakeလေးတစ်စိတ်နဲ့ Coffeeတစ်
ခွက်။Bin စားပွဲပေါ်ရောက်လာတဲ့စားစရာတွေကိုဂရု
မစိုက်အားဘဲ ကောင်တာကနေ ဘုရှိုးရှိုးနေတဲ့
crushလေးကိုသာငေးကြည့်နေမိသည်။အသားဖြူဖြူ အရပ်ရှည်ရှည် နှုတ်ခမ်းရဲလေး
တွေနဲ့ကောင်လေး။မျက်ဝန်းလေးတွေကရယ်
လိုက်ရင်မှေးသွားသယောင်ရှိပေမယ့်တောက်ပ
နေသည်။တကယ်ပါ ကိုယ့်crushဖြစ်လို့ဂုဏ်
ဖော်တာမဟုတ်။လမ်းမှာတွေ့သူတိုင်းက နှစ်ခါ
ပြန်ကြည့်ရလောက်အောင်ချောလွန်းတာ။ဒါတင်ပဲမဟုတ်ကျောင်းမှာလည်း roll 1အမြဲ
ရတဲ့အထိဉာဏ်ကောင်းသည်။ကိုယ်ကလား
ကိုယ်ကတော့ ဒုတိယပေါ့လေ။နောက်ဆုံးက
ရယ်ရင်ပြောတာ။သူကspecial roomကဖြစ်
သလိုကိုယ်ကf roomကအခန်းကွဲသော်လည်း
ကိုယ်သူ့ကိုbreak timeတိုင်းcanteenမှာမြင်
ရသည်။အရာရာမှာပြည့်စုံတဲ့သူက မိသားစုတော့မပြည့်
စုံဘူး။အမေနဲ့နှစ်ယောက်တည်းနေကျတာ။
သူ့အမေကကျန်းမာရေးမကောင်းသူဖြစ်လို့
crushလေးကအချိန်ပိုင်းသုံးခုလောက်လုပ်ပြီး
အမေကိုဆေးကုပေးနေတာပင်။ဘယ်လောက်တောင်တော်လိုက်တဲ့ကိုယ့်crushလေးလည်းလေ။
.
.
.
.
.
.
.*ဟူးးးး*
Eunသက်ပြင်းတစ်ခုသာချမိသည်။
ဘယ့်နှယ်ဆိုင်ကိုရောက်ကတည်းကမုန့်မှာပြီး
ကိုယ့်ကိုမျက်လုံးကျွတ်ထွက်မတတ်စိုက်ကြည့်နေတာအသက်ကောရှိသေးလားမသိ။Eunသူ့ကိုသတိထားမိတာကြာပြီ။ကြာဆိုသူက
ကိုယ့်ရဲ့အချိန်ပိုင်းအလုပ်တိုင်းမှာရှိနေတတ်
သည်။မနက်သတင်းစာနဲ့နွားနို့လိုက်ပို့တဲ့အချိန်
ဆိုကိုယ့်ဘေးကနေပြေးသလိုလိုနဲ့ပါလာတတ်
သည်။အခုညနေပိုင်းcafeမှာဆိုရင်လည်းတစ်ချိန်လုံးထိုင်နေတတ်သည်။စားဖို့မှာရင်တော့ ဆိုင်ကဈေးအကြီးဆုံးcakeကိုမှာသည်။ပြီးရင်
စားတာမဟုတ်။ဒီတိုင်းထားထားတာ နှမြောစ
ရာကောင်းလွန်းသည်။အဲ ညဘက်ကျပြန်
တော့Eun ကclubမှာသီချင်းဆိုသည်။