"ချိုတယ်~~~~~"
Bin ကိုယ့်နှုတ်ခမ်းကိုကိုယ်ကိုင်ကာ ပြုံးမိပြန်
သည်။မနေ့ကEunရဲ့ချိုမြိန်တဲ့နှုတ်ခမ်းကို ထိ
တွေ့ခွင့်ရခဲ့သည်လေ။Eunကတော့ ကိုယ့်ကို
ဘာမှပြန်မပြောဘဲသူ့အိမ်ထဲသို့သာဝင်သွားခဲ့
သည်။သေချာတာကတော့Bin ဒီလုပ်ရပ်ကိုနောင်တရ
မှာမဟုတ်။အနည်းဆုံးတော့တစ်နှစ်ကျော်လိုက်
ခဲ့ရတဲ့ crush လေးဆီကအနမ်းတစ်ပွင့်ယူနိုင်
ခဲ့သလို သူ့စိတ်ထဲမှာလည်းကိုယ့်ကိုနေရာပေး
ထားရောပေါ့။....မနေ့ကတစ်နေ့လုံးBin Eun
နားမှာရှိနေသည်။အရင်လိုEunမမြင်တာပဲရှိ
တာ။Binပုန်းနေခဲ့တာဆိုပိုမှန်မည်။Eunကိုတချိန်လုံးကြည့်နေတာ Eunကတစ်ခုခုကိုရှာနေသ
လို.....ဟိုဒီလိုက်ရှာနေတာ။ကျွန်တော့်ကိုလိုက်ရှာတာဖြစ်မယ်။clubကပြန်
တော့Eunနောက်ကလိုက်နေရင်းကနေ....
လက်အိတ်မ၀တ်ထားတာကြောင့်အေးနေမယ်
ထင်တယ်ဆိုပြီး..လက်အိတ်သွားဝယ်တာပြန်
လာတော့ ဟိုတစ်ကောင်နဲ့သူ့လူတွေကEunကို
ကားပေါ်အတင်းဆွဲတင်နေကျတာကိုတွေ့ရ
တာကြောင့်အမြန်ပြေးသွားမိသည်။ဝယ်လာတဲ့
လက်အိတ်လည်းဘယ်နားကျကျန်ခဲ့မှန်းကိုမသိ
တော့။ဟိုလူတွေနဲ့ ရန်ဖြစ်တော့လည်း လူကနေသိပ်
မကောင်းတာမို့ အခြေအနေကမဟန်။နောက်
တော့Eunကကိုယ့်ကိုထိုးတဲ့လူကိုသူ့ကျောပိုး
အိတ်နဲ့ချွတ်ရိုက်နေတော့ ဟိုလူတွေဖရိုဖရဲ
ဖြစ်သွားချိန်Eunလက်ကိုဆွဲကာပြေးခဲ့ရတာ။တွေးရင်းနဲ့မျက်လုံးထဲမှာEunကိုမြင်ယောင်ပြန်ယလာတာကြောင့်ထပ်ပြုံးမိပြန်သည်။
မင်းကလေငါ့အတွက်အမြဲပြုံးစေတဲ့နတ်သား
လေးပဲ........
.
.
.
.
.
.
."Ya!!MoonBin shi...မင်းငါ့နောက်ပဲလိုက်
နေမှာလား"ညနေcafeကနေ club ကိုအသွားလမ်းမှာရပ်
ပြီးBinကိုမေးလာသောEun။ဟုတ်တယ်လေ
နေ့တိုင်း သူ့နောက်မှာတောက်လျှောက်လိုက်
နေတာ။သူမရှိရင်ရှာမိတယ်ဆိုပေမယ့်....အမြဲ
ရှိနေတာကမကောင်းဘူးလေ။အနည်းဆုံးတော့
Eunနောက်ကိုလိုက်မယ့်အစားစာသာကျက်ရင်
Bin special classကိုရောက်လိမ့်မည်။