မှောင်နေတယ် ဘာကိုမှလည်းမမြင်ရဘူး ငါဘယ်ရောက်နေတာလဲ
ဘေးပတ်ပတ်လည်ကိုကြည့်တော့လည်း တကယ်ဘာမှကိုမမြင်ရဘူး ခနနေကြာတော့ မျက်စိရှေ့မှာပေါ်လာတဲ့ ကျောပြင်ငယ်လေးတစ်ခု
ဗြောင် ဗြောင်ကဘယ်လိုလုပ်?
ကိုယ်စိုက်ကြည့်နေတဲ့ကျောပြင်လေးဟာ တဖြည်းဖြည်းနဲ့ကိုယ့်စီလှည့်လာလေးရဲ့ ပြုံးပြီးစိုက်ကြည့်နေတဲ့သူ
နောက်လက်နှစ်ဖက်ကိုဆန့်တန်းပြီး သူ့ဆီလာဖို့ခေါ်နေလေရဲ့သူ့ဆီအပြေးသွားလိုက်ပြီးနောက် အနားရောက်တော့ပျောက်သွားတဲ့သူ
ကိုယ်အခုထိမြင်ယောင်နေတုန်းပါလား ဗြောင်
နောက်ဘေးပတ်ပတ်လည်ဝန်းကျင်မှာပေါ်လာတဲ့ သူ့ပုံရိပ်လေးတွေ အားရပါးရရယ်နေတဲ့သူ့ပုံလေး သူ့memတွေကိုစနောက်ရင်ပျော်နေတဲ့သူ့ပုံလေး Aeriတွေကိုကြည့်နေတဲ့ သူ့ရဲ့မျက်ဝန်းလေး
ဗြောင်.....ချစ်သောဗြောင်....
ခေါင်းတွေထိုးကိုက်လာတယ် နားထဲမှာအသံတွေကြားနေရတယ် ဒါမယ့်သေသေချာချာမကြားရဘူး
မျက်စိနှစ်ဖက်ကိုဖြည်းဖြည်းချင်းဖွင့်လိုက်တော့ ပေါ်လာတဲ့အလင်းတန်းကြောင့် မျက်လုံးစူးတာမို့ချက်ချင်းပြန်ပိတ်လိုက်တယ်
နောက်မှပြန်ဖွင့်လိုက်တော့ မျက်နှာကြက်ဖြူတစ်ခု
"သမီး နိုးလာပြီးလား"
"ဘယ်သူလဲ"
"ယာရှင်း ငါလေး ဆူကီလေ မမှတ်မိဘူးလား"
ဟင်အင်း မမှတ်မိဘူး သူတို့ဘယ်သူတွေမှန်းတကယ်မသိဘူး
"အတိတ်မေ့သွားတာပါ"
"ရှင်"
"အန်တီ..."
ဆရာဝန်ဆီကအဖြေကြားပြီးယိုင်ကျမလို့ဖြစ်သွားတဲ့အန်တီကိုလှမ်းထိန်းထားရင်