တောက်....တောက်....တောက်....
သစ်ရွက်လေးတွေပေါ်ကနေကြမ်းပြင်ပေါ်ခုန်ဆင်းနေကြတဲ့မိုးစက်လေးတွေကို မှန်တွေနဲ့ကာထားတဲ့ပြတင်းပေါက်ကနေကြည့်နေမိတယ်
မနေ့က ဖုန်းဆက်တော့ ပြောစရာရှိလို့ တွေ့ချင်ပါတယ် ဆိုတာနဲ့. အခုကော်ဖီဆိုင်မှာ အခန်းတစ်ခုသီးသန့်ယူပြီးစောင့်နေမိတယ်
တစ်ခါမှမတွေ့ဖူးဘူးဆိုပြီး ဘာလို့ငါ့ကိုသိနေရတာလဲ
ဒါမှမဟုတ်ငါကတွေ့ဖူးတာကိုများ ဆူကီကို မပြောဖူးတာလား?
ဟူး.......
"တောင်းပန်ပါတယ် စောင့်နေရတာကြာသွားလား"
"ဟင်....အာ မကြာသေးပါဘူး"
အတွေးလွန်နေလို့ သူတံခါးဖွင့်ပြီးဝင်လာသံကိုတောင်မကြားမိလိုက်..။
သူ့ကိုစကားပြန်ပြောရင်းကြည့်လိုက်တော့ ခေါင်းပုံမှာရေတစ်စနှစ်စစိုနေတဲ့ ဆံနွယ်တွေကိုလက်နဲ့ဆွဲဖွရင် အရှေ့မှာဝင်ထိုင်တဲ့သူ
"ထီးလုံအောင်မဆောင်းခဲ့တာလား ဘာလို့ရေစိုနေရတာလဲ နေမကောင်းဖြစ်မှာပေါ့"
စိုးရိမ်စွာလှမ်းပြောမိတော့ သူကကြောင်ကြောင်လေးပြန်ငေးကြည့်လာတယ်
နောက်မှတစ်ချက်ရယ်ကာ"ကိုယ့်ကိုဘာလို့စိတ်ပူနေရတာလဲ"
"ဟမ်...အဲ့တာက..."
တကယ်ပဲသူ့ကိုချစ်နေခဲ့တာပေါ့ ငါမမှတ်မိပေးမယ့်လည်း မသိစိတ်က......
"ဘာပဲဖစ်ဖြစ် ရှင်လည်းကျွန်မကိုမနေ့ကစိုးရိမ်လို့ဆေးရုံတင်ပေးခဲ့တာပဲမဟုတ်လား"
"ဒီမှာ မိန်းကလေး... ကိုယ့်ရှေ့မှာ မူးလဲတဲ့သူတိုင်းကို လူတိုင်းဆေးရုံပို့ပေးတယ် ဆံပင်ရေစိုနေတဲ့သူတွေကိုမသိပဲဘယ်သူမှအဲ့လိုမမေးဘူး"
"အဲ့တာတော့...အဲ့တာဆိုပေးမယ့်....အား...ထားပါတော့ဘာပဲဖြစ်ဖြစ်....ဘာလို့တွေ့ချင်တာလဲ"