Chapter 1

621 19 4
                                    

ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်ဟာ အလုပ်ပြန်နေကျလမ်းမှာ ခါတိုင်းလို ကားမှတ်တိုင်ဆီ သုတ်ခြေတင်မသွားပဲ တခြားလမ်းဘက်ကို ဦးတည်လိုက်တယ် ။ နက်ဖြန် P' ရဲ့ FanMeeting မှာပေးဖို့ လက်ဆောင်အခုထိ မဝယ်ရသေးဘူးလေ ။

ပုခုံးပေါ်က လျှောကျလာတဲ့ လွယ်အိတ်ကို ဆွဲတင်ရင်း လက်ထဲက ပိုက်ဆံခေါက်အိတ်လေးကိုဖွင့်ကြည့်လိုက်တယ် ။ ပိုက်ဆံအရွက်သေးလေးတွေကိုကြည့်ရင်း သက်ပြင်းအကြီးကြီးချလိုက်မိတယ် ။ တစ်နေ့ကတောင် ပိုက်ဆံတွေအထပ်လိုက်ရှိနေပါသေးတယ် ။ ဝယ်လိုက်မိတဲ့ ဂါဝန်အနီရောင် online ကနေမှာထားတဲ့ Kazz magazine စာအုပ်နဲ့  2019 Saint Calendar ။ ဒီကြားထဲ Food support ဆိုပြီး မနေ့ကလေးတင် ငွေတွေလွှဲလိုက်သေးတာ ။ အနုတ်ဘက်ပြနေသော ပိုက်ဆံအိတ်ကို လစ်လျူ ရှုကာ Stationary Shop လေးထဲဝင်သွားလိုက်သည် ။

သူဘာလိုချင်လောက်လဲ …

ပစ္စည်းတွေကိုင်လိုက် ပြန်ချလိုက်နဲ့ ခေါင်းထဲမှာ ရေတွက်နေတဲ့ ငွေပမာဏတွေနဲ့ သူမ တစ်ဦးတည်း ငြင်းခုန်နေမိတယ် ။ ဒါလေးက P'Chen ကြိုက်မှာ … ဒါလေးက P'Nan အတွက် … ဒါက Mae' Nuk အတွက် … ။

ပစ္စည်းခြင်းထဲ ၃မျိုးရလာသော်လည်း တကယ်ပေးမယ့်လူအတွက်က ဘာမှမပါသေး … ။ ဒီကြားထဲ ရောက်ရောက်လာတဲ့ မာနက ဈေးပေါတဲ့ ပစ္စည်း ဝယ်ဖို့ကိုလည်း တားဆီးနေပြန်တယ် ။ နာရီဝက်လောက် ပတ်ကြည့် အပြီးမှာ သူ့အာရုံထဲ ဖရဲသီးပုံ sticky notes လေးဝင်လာတယ် ။

"ဒါ ငါ့အတွက်ပဲ "

ခြင်းထဲကောက်ထည့်လိုက်တယ် ။
သူ့အတွက် ဝယ်ဖို့လာတာကို … ဟူးး ။

နောက်ဆုံး သူ့အတွက်ဘာမှမပါပဲ သူ့Manager တွေရယ် သူ့ မေမေရယ်နဲ့ ကိုယ့်အတွက်ပဲ ပါလာပြန်တယ် ။

အိမ်ပြန်ချိန် အတော်နောက်ကျနေမည်စိုးသောကြောင့် ကြပ်နေတဲ့ကားကို ထပ်မစောင့်ပဲ တိုးဝှေ့ပြီး စီးလာခဲ့တယ် ။

အိမ်ပြန်ရောက်တော့ ဖေဖေနဲ့မေမေမရှိ … ။
မောင်လေး ကျူရှင်သွားကြိုနေကြတာဖြစ်မယ် … ။

မွှေးပြန့်နေတဲ့ ညစာ ဟင်းလျာတွေက နှာခေါင်းနားမှာ 
ရစ်သီရစ်သီလာလုပ်နေတော့ Diet week ဆိုတာကို မေ့ပြစ်ပြီး မီးဖိုထဲ ဝင်လာခဲ့တယ် ။

Tay On Me [Saint_Sup×Reader]Where stories live. Discover now