Episode - 1

18.2K 869 46
                                    

[UNICODE]

_The day we first met _

လေ‌ညှင်းလေးတွေရဲ့ခေါ်ဆောင်မှုနောက်မှာ သစ်ရွက်ညိုလေးများဟာလှပစွာ လွင့်မြောလို့နေလေရဲ့ ... ။

တိမ်တိုက်များ စုဝေးရာ ကောင်းကင်ပြာကြီးမှာလည်း ကြည်လင်စွာ တောက်ပလျက်။

အချစ်ရဆုံးသော မိသားစုနှင့်အတူ အချိန်တွေကုန်ဆုံးရလျက် ဤကဲ့သို့ အရာရာဟာ လှပနေမြဲလား ...။

မကြာလိုက်ပါ......ထွက်လာသောနေရာသို့ကားလေးက ရောက်ရှိနေပါပြီ။ ထိုကားထဲမှ မိခင်လို့ထင်ရသောအမျိုးသမီးတစ်ဦးနှင့် ဖခင်လို့ထင်ရသော အမျိုးသားတစ်ဦးဟာ ကားပေါ်မှာ အရင်ဆင်းလာကြသည် ။

ထို့နောက်တွင်တော့ မိခင်ဖြစ်သူက ကားနောက်ခန်းသို့သွား၍ တစ်စုံတစ်ယောက်ကိုသွားခေါ်နေပုံရသည်။

မိခင်ဖြစ်သူပြန်ထွက်လာသည့်နောက်တွင်တော့ သားဖြစ်သူလို့ထင်ရသည့် ၁၃နှစ်အရွယ်ကောင်လေးတစ်ယောက်။

ကောင်လေးက အခုမှအိပ်နေရာထလာသည့်ပုံစံမျိုးဖြင့် လက်ဖမိုးလေးနှစ်ဖက်ဖြင့် မျက်လုံးကိုပွတ်သတ်၍နေသည်မှာ ချစ်စဖွယ်အတိ။

ကျွန်တော်ရောက်နေသောနေရာမှာ ကျွန်တော်သဘောအကျရဆုံးသော ပင်လယ်ကြီးဖြစ်နေသောကြောင့် ဟန်မဆောင်နိုင်လောက်အောင်ပျော်ရွှင်မိပါသည်။

"woww ပင်လယ် ကြီးရေ"

ပင်လယ်ကမ်းစပ်ဆီသို့ပြေးသွားမိသည် ။

ပျော်ပွဲစားထွက်လာသော ကျွန်တော်တို့မိသားစုလေးဟာ အလွန်ပင် သာယာလှသောမိသားစုပင်ဖြစ်တယ်။

အတန်ကြဆော့ကစားမိနေပြီး ကမ်းစပ်နှင့် အဝေးတစ်နေရာသို့အကြည့်ရောက်သွားမိတော့ ကောင်ငယ်လေးတစ်ယောက် ငိုနေသည်အားသတိပြုမိသည် ။

သို့ပေမယ့်လည်း ကျွန်တော့်ရဲ့အပျော်တွေအားထိုကောင်လေးကြောင့် မပျက်ချင်သဖြင့် စိတ်မကောင်းပေမဲ့လည်း လျစ်လျူရှုမိသည်။

သူလျစ်လျူရှုလိုက်သောကောင်ငယ်လေးဟာ ပျော်ရွှင်ကြည်နူးနေသော မိသားစုအားကြည့်၍...။

Pain Of LOVEWhere stories live. Discover now