[UNICODE]
_Truth is ... he hate me
_________________________
ခန်းမထဲမှ တေးသီချင်းသံသာသာနှင့်အတူ ဧည့်သည်တော်များဟာကျွန်တော့်အားကြိုဆိုလို့နေသည်။
လျှောက်လမ်း၏ အဆုံး၌ ရပ်နေသည့် ကျွန်တော်ရဲ့ ချစ်လှပါသော အဖြူရောင်သတို့သားမှာတော့ မီးအလင်းရောင်များကြောင့် မျက်နှာမကောင်းသည်အား ထင်ထင်ရှားရှားမြင်နေရသည်။
သို့သော်လည်း ချစ်ရပါသောလူသားရယ် ကျွန်တော့်ကို အခွင့်အရေးလေးတော့ပေးစေချင်ပါတယ်။
တစ်ခါလောက်တော့အတ္တကြီးပါရစေလား Min Yoongi။
ကိုယ့်အတွေးနဲ့ကိုယ်ဝဲတက်လာသောမျက်ရည်စများအား မသိမသာ ဖယ်ရှားပြီး Daddyရဲ့လက်ကိုတွဲ၍ ခန်းမထဲသို့ တစ်လှမ်းခြင်း လျောက်လှမ်းလာခဲ့သည်။
လိင်တူမင်္ဂလာဆောင်ကို တော်တော်များများရွံမုနကြမှာ ဖြစ်ပေမဲ့ daddyရဲ့အာဏာကြောင့် လူတွေမှာ အများသား။
ချစ်ရပါသော သတို့သား၏မျက်နှာ၌ စိတ်ပျက်မှု များဟာ ရင်နာဖွယ်ကောင်းစွာ နေရာယူထားလေရဲ့။
စတွေ့တုန်းကလို ခင်ဗျားရဲ့မျက်နှာချောချောက တောက်ပမနေခဲ့ဘူး။
ထိုလူသားရှိသည့်နေရာသို့ရောက်သွားသောအခါ daddyက ကျွန်တော့်လက်ကိုဖြုတ်၍ ချစ်ရသူလက်ထဲသို့ထည့်ရင်း ။
"မောင်ရင့် ဆီမှာအပ်ပါတယ်"
လို့ပြောပြီးနေရာသို့ပြန် သွားသည်လေ။ချစ်ရသူ မျက်နှာကိုကြည့်တော့လည်း အကြည့်စူးစူးတွေပဲရမည်ကိုသိသောကြောင့်သာ ခေါင်းငုံထားမိသည်။
ကျွန်တော့်လက်အား သူ့လက်မောင်းမှာချိတ်လိုက်သည့်အခိုက်မတန့်၌ စိတ်လှုပ်ရှားစွာ သူ့မျက်နှာအားကြည့်မိတော့ ဖာသာရဲ့စကားများကိုသာ လိုက်နာနေသည့် ကျွန်တော့်ရဲ့သတို့သား။
ဖာသာဟာ...။
" သတို့သား Min yoongiနှင့် Park Jiminတို့ တရားဝင်ထိမ်းမြားပြီးပါပြီ"
ဟုကြေညာတော့ စိတ်ထဲ၌ ခံစားချက်မျိုးစုံဖြတ်ပြေးနေခဲ့သည်။
YOU ARE READING
Pain Of LOVE
FanfictionBoth ZAWGYI & UNICODE are available |Taekook| |Yoonmin| my very first creation ♡