⏱Single Father ⏱(2)

716 47 8
                                    

"Jeyeon နင်တကယ်ပြောတာလား"

"တကယ်ပေါ့ဟ ငါလူကြီးကိုမြင်မြင်ချင်းချစ်သွားတာ
တောက်ပတဲ့ယုန်မျက်လုံး
ဖြောင့်စင်းပီးထိပ်ဖျားလေးလုံးနေတဲ့နှာတံ
လေးထောင့်ဆန်တဲ့မေးရိုး
နီရဲပီးဖူးနေတဲ့နှုတ်ခမ်းလေး
ယောင်္ကျားဆန်တဲ့ခန္ဓာကိုယ်နဲ့ မိန်းကလေးတိုင်း
ကြွေလောက်တဲ့အရပ်အမောင်း
နို့ နစ်ရောင်အသားအရည်
ချစ်စရာကောင်းတဲ့ယုန်သွားလေး
စွဲဆောင်မှုရှိတဲ့အသံ ရင်ထဲကိုအေးမြသွားတာပဲ"

"ကဗျာစပ်လို့ ပီးတော့မှာလား နင်အဲ့လောက်အမွှန်းတင်နေပေမဲ့ ငါတို့ ရဲ့ Third yearက All King ကြီးလောက်ချောမှာမဟုတ်ဘူး "

"ကြည့်ချင်လွန်းလို့ လိုက်ပြစမ်းပါငါ့လူကြီး
လောက်ချောရဲ့လားလို့ "

"ပြမယ်ပြမယ်တွေ့ ခါကျမှ ကြွေသွားတယ်တော့
မလုပ်နဲ့ ခု canteen မှာရှိလောက်တယ်"

Jeyeon နဲ့  jina တို့ နှစ်ယောက် canteen ကို
ထွက်လာခဲ့ကြတယ်
ကန်တင်းလည်းရောက်တော့
တွေ့ လိုက်ရတဲ့သူကား လူကြီးပဲ
ကျောင်းဝတ်စုံလေးနဲ့ စမတ်ကျလိုက်တာ
ဟွန့် ကောင်မလေးတေကလည်းဝိုင်းလို့ 

"လူကြီး ဒီမှာကျောင်းတက်တာလားဟီး"

"ကလေးကလည်းကွာ ဘာလို့ ခုမှလာတာလည်းကိုယ်ကစောင့်နေတာဗိုက်တောင်ဆာနေပီ
လာထိုင် ဒီဘေးမှာ"

"အွန့် "

သူ့ ဘေးနားကိုဆွဲထိုင်ချလိုက်တာလက်တောင်
ပြုတ်ထွက်သွားပီလားမှတ်ရတယ်

"Min Sora ဒါငါ့ချစ်သူ ကလေးနှုတ်ဆက်လိုက်
လေ"

လူကကြောင်တောင်တောင်ဖြစ်နေသော်လည်း
မျက်လုံးပြူးကာကြည့်လာတဲ့လူကြီးကြောင့်

"ဟုတ်တွေ့ ရသာဝမ်းသာပါတယ် Jeon Jeyeon လို့ ခေါ်ပါတယ် first year ကပါ"

ဟို sora ဆိုတဲ့တစ်ယောက်တော့ရှူးရှူးရှဲရှဲနဲ့ 
ထွက်သွားပီ
ကိုယ်တေရှေ့ မှာကြောင်တောင်တောင်ကြီး
ရပ်နေသည်ကသူငယ်ချင်းမလေး Jina

"Jina လာထိုင်လေ ဘာလုပ်နေတာလဲ"

"ဟင် အင်းလာပီ"

"လူကြီး စောနက ဘာတေလျှောက်ပြော
လိုက်တာလဲ လူကိုအထင်သေးတာလား
ခုမှနှစ်ခါပဲတွေ့ ရသေးတာနော်"

⏱One short collections ⏱Where stories live. Discover now