Idiot-4

6.5K 1K 27
                                    

/Unicode/

" Taehyung ပြန်လာပြီ Daddy!....Taehyung! Daddy ဆက်တာ "

Japan က နေ Ph ဆက်လာတဲ့ Daddy နဲ့
စကားပြောနေတုန်း အိမ်ထဲဝင်လာတဲ့ Taehyung
ကြောင့် Namjoon လက်ထဲက ph ကို Taehyung ဆီ ထိုးပေးလိုက်သည်။
Taehyung ကတော့ မျက်နှာကို ရှုံ့မဲ့ကာ လက်ထဲက
အထုပ်တွေကို ဆက်တီခုံပေါ်တင်ထားလိုက်ပြီး Daddy နဲ့ စကားပြောနေသည်။

15 မိနစ်လောက်ကြာအောင် အချေအတင်ဖြစ်ပြီးတော့မှ Ph ချကာ အထုပ်တွေကိုဆွဲပြီး  ရေခဲသေတ္တာဆီ ဦးတည်နေတဲ့ Taehyung က မျက်နှာလည်း မကောင်းဘူး။

" Daddy က ထုံးစံအတိုင်း Japan ကို လာတဲ့လား..."

" ဟုတ်ပါ့....စိတ်ညစ်လိုက်တာ....တကယ်ပဲ "

Taehyung အသံက တကယ်ကို စိတ်ပျက်လက်ပျက်
ဖြစ်နေတဲ့ပုံ။ Japan က company ရုံးခွဲမှာ လာ
အလုပ်လုပ်စေချင်တဲ့ Daddy နဲ့ Korea က ရုံးချုပ်မှာပဲ အလုပ်လုပ်ချင်တဲ့
Taehyung နဲ့က ဒီလိုပဲ တစ်ပတ်မှာ တစ်ခါလောက်
အချေအတင်ဖြစ်တတ်သည်။

" hyung! hyung သွားလိုက်ပါလား..ဒီက အလုပ်တွေ
ကျွန်တော်နဲ့ လွှဲခဲ့လေ.."

" ဟိုမှာက Design ပိုင်းက လူလိုနေတာလေ..မင်းနဲ့မှ အဆင်ပြေမှာကို...Design ပိုင်းက ငာမှ မရတာ "

ရေမွှေးထုတ်လုပ်တဲ့ သူတို့ Company မှာ သူက Management အပိုင်းကလွဲရင် ကျန်တာ စိတ်မဝင်
စား သလို ကောင်းကောင်းလဲ မကိုင်တွယ်နိုင်ဘူး။
ရေမွှေးပုလင်းပုံစံ Design တွေရယ် ဘယ်လို ဖန် အမျိုးအစားကို သုံးရမယ်ဆိုတာ တွေကကျ Taehyung က သူ့ထက်ကျွမ်းကျင်တာမို့ Daddy က Taehyung ကို ခေါ်ခြင်းပင်။ သူ့ကို ခေါ်ခဲ့ရင်လည်း သွားမှာမဟုတ်ဘူး။ ဒီမှာက Jin hyung ရှိတယ်မဟုတ်လား။

" ဟိုမှာက Design ပိုင်း ဘယ်သူမရကြဘူးလား..ဘာလို့ကျွန်တော့်ကိုပဲ! "

ရေခဲသေတ္တာထဲကို လက်ထဲက အထုပ်တွေဖြည်ထည့်
ရင်းပြောတဲ့ပုံစံက မလုပ်ချင်တာကို အတင်းလုပ်ခိုင်းလို့ ရစ်နေတဲ့ ဂျစ်တူးလေးလိုပဲ။

" ရတော့ရကြမှာပေါ့...ဒါပေမယ့် Daddy က မင်းကိုပို
စိတ်တိုင်းကျလို့ဖြစ်မယ် "

" အင်း....ဟုတ်မှာပေါ့ "

အရင်တုန်းကလို ပွစိ ပွစိ မပြောပဲ နည်းနည်းတည်ငြိမ်
နေတဲ့ Taehyung ကြောင့် Namjoon ရုတ်တရက် ဘာမဆိုင်ညာမဆိုင် Jimin ကိုသတိရသွားသည်။ 

𝑰𝒅𝒊𝒐𝒕 ( 𝑾𝒊𝒏𝒕𝒆𝒓 𝑪𝒐𝒏𝒕𝒆𝒔𝒕 )Where stories live. Discover now