/Unicode/
ဆိုင်ကယ်ကို ဒီအထိ ရောက်အောင် ဘယ်လို မောင်းလာမိမှန်းမသိသလို...Jimin ထိုင်နေကျ Second floor ကိုလည်း ဘယ်လိုစိတ်နဲ့ တက်လာမိမှန်းမသိ
တော့...။ စိတ်ထဲမှာ Jimin တစ်ယောက်ကလွဲရင်
တခြားဘာမှ မတွေးနိုင်လောက်အောင် Taehyung
ရင်တွေပူနေခဲ့တာ။
လှေကားတစ်ဝက်လောက်ကနေအပေါ်ကို စိတ်လောစွာ လှမ်းကြည့်တော့ အေးဆေး အရက်ထိုင်သောက်နေတဲ့ ခပ်သေးသေး ခန္ဓာကိုယ်လေး။အပေါ်ထပ်တစ်လျှောက်ပြန့်ကျဲနေတဲ့ ဖန်ကွဲစတွေကို
ဖြတ်ကျော်လာတော့ အခုမှမြင်သွားဟန်တူတဲ့ Eunwoo က သူ့ဆီ အမြန်ရောက်လာသည်။" Jimin ဘာဖြစ်သွားသေးလဲ! "
" ဘာမှမဖြစ်ဘူး အစ်ကိုလေး~~ပစ္စည်းတွေတော့
အများကြီး ကွဲကုန်တယ် "Eunwoo ရဲ့ အဖြေကြောင့် Taehyung စိတ်
သက်သာရာ
ရသွားကာ သတိရသလို အခန်းထဲ တစ်ချက်ဝှေ့ကြည့်မိတော့ Bar ကောင်တာမှာလည်း ဖန်ကွဲစတွေ... နံရံမှာ အစီအရီ တင်ထားတဲ့ ပုလင်းတွေကလဲ ကွဲတဲ့ဟာက ကွဲ...တစ်ချို့ကလည်း မှောက်ကျကာ ကြမ်းပြင်မှာ
လည်း...ဝိုင်တွေနဲ့ Whisky တွေနဲ့တခြား အရက်တွေနဲ့ ရောနှောနေသည်။ ကြည့်ရတာ Jimin တော်တော်
သောင်းကျန်းထားတဲ့ပုံ။ ဘာပဲ ဖြစ်ဖြစ်တော်ပါသေး
သည်။ ပစ္စည်းတွေက လူလောက် တန်ဖိုးမရှိဘူး။
လူမထိခိုက်ရင်ပြီးတာပဲ။" အဲ့ဒါဆို မင်းပြန်လို့ရပြီ! တခြားဝန်ထမ်းတွေပါ ပြန်ခိုင်းလိုက်တော့ မင်း ကောင်းကောင်းလုပ်ခဲ့တယ် Eunwoo~~"
" အစ်ကိုလေး တစ်ယောက်တည်း ဖြစ်ပါ့မလား...
အစ်ကိုလေး Jimin က အရမ်းစိတ်ဆိုးနေတာ!
အစ်ကိုလေးကို တစ်ခုခုလုပ်လိုက်ရင်..."" ရတယ်..သွား! Jimin က ငါ့ကို ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး...."
Eunwoo ပခုံးကို တစ်ချက်ပုတ်ကာ ပြောလိုက်တော့
Eunwoo က သူ့ကို နှုတ်ဆက်ပြီး အောက်ဆင်းသွား
သည်။ပြောသွားသေးတာ....တစ်ခုခုဆိုရင် ကျွန်တော့်ကို အချိန်မရွေး ph လှမ်းဆက်ပါ အစ်ကိုလေး....တဲ့။ Taehyung သဘောကျစွာ ခပ်ဖွဖွပြုံးလိုက်ရင်း Jimin ဆီလျှောက်သွားကာ ဘေးမှာ ဝင်ထိုင်လိုက်သည်။ Jimin ရဲ့ လက်တွေ ခြေထောက်တွေရော မျက်နှာကိုပါ သေချာကြည့်ကာ စစ်ဆေးလိုက်ရင်း ဘာမှမဖြစ်တာ သေချာတော့မှကောင်တာကို လက်နဲ့ ခေါက်ကာ
အသံပေးလိုက်သည်။
YOU ARE READING
𝑰𝒅𝒊𝒐𝒕 ( 𝑾𝒊𝒏𝒕𝒆𝒓 𝑪𝒐𝒏𝒕𝒆𝒔𝒕 )
Short Storyဟိုး.......အဝေးက ခပ်ဖွဲဖွဲကျဆင်းနေတဲ့ နှင်းစက်လေးဟာ မင်းပေါ့ Jimin..... မြတ်မြတ်နိုးနိုး ထွေးပွေ့ထားချင်ပေမယ့် ဖမ်းဆုပ်ခွင့်တောင် မရှိဘူးလို့ သိလိုက်တဲ့အခါ ခပ်ဝေးဝေးက ငေးကြည့်ရုံကလွဲရင်.. တခြား ဘာမှမတတ်နိုင်ခဲ့ဘူး.... ...