"ကျွန်တော် လက်မထပ်နိုင်ဘူး"
"ဘာ!"
သူ့ရဲ့အငြင်းစကားမှာ အဖေ့ရဲ့အသံက ကျယ်လောင်စွာထွက်ပေါ်လာတယ်။
"ကျွန်တော်အဲ့မိန်းကလေးကို လက်မထပ်နိုင်ဘူး"
"စေ့စပ်တဲ့ကိစ္စပါ လူသိရှင်ကြားကြေညာပြီးတာကို လက်မထပ်လို့ဖြစ်မလား Jeon Jung Kook!"
"ကျွန်တော်တို့သဘောတူညီမှုထဲမှာ လက်ထပ်ရမယ်လို့မပါဘူးထင်တယ်"
ခပ်စူးစူးစိုက်ကြည့်လာတဲ့အမေ။
"ငါတို့စီစဉ်ထားပြီးသားကိစ္စကို မင်းဖျက်စရာဘာအကြောင်းမှမရှိဘူး။
အေး ဖျက်ရင်လည်း Min Yoongi ဘာဖြစ်မလဲဆိုတာသာစောင့်ကြည့်နေ"ပြတ်သားနေတဲ့အဖေ့လေသံကြား သူလက်သီးကိုကျပ်ကျပ်ပါအောင်ဆုပ်လိုက်မိတယ်။
"ကျွန်တော်က Min Yoongi ကို အဆုံးထိကာကွယ်မှာမို့ အဖေတို့ သူ့ကို လက် ဖျား နဲ့ တောင် ထိ ခွင့် မ ရှိ ဘူး။"
"ပြီးတော့ စွန့်ပစ်ချင်လည်းစွန့်ပစ်လိုက်လို့ရတယ်။
ကျွန်တော် Hyung ကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်ပြီးပြီ။"ဒါ Hyung နဲ့ နောက်ဆုံးတစ်ခေါက် မထင်မှတ်ဘဲတွေ့လိုက်တည်းက သူဆုံးဖြတ်လိုက်တာ။ သူ့ဘက်ကအရာအားလုံးဆုံးရှုံးလိုက်ရရင်တောင် Hyung တစ်ယောက်ပဲ ရှိရင်ဖြစ်တယ်။ အဲ့ဒါကြောင့် သူ့ဆုံးဖြတ်ကို ဘယ်တော့မှပြင်မှာမဟုတ်ဘူး။
"အဲ့ဒါဆို ကျွန်တော်ကို ခွင့်ပြုပါဦး"
ခပ်ကြမ်းကြမ်းဆောင့်ပိတ်လိုက်တဲ့ စာကြည့်ခန်းရဲ့တံခါးသံနောက်မှာ အဖေ့ရဲ့ တောက်ခေါက်သံနဲ့ အမေဖြစ်သူရဲ့ "မွေးရကျိုးမနပ်တဲ့အကောင်" ဆိုတဲ့ စကားသံတွေ ကျန်ခဲ့တယ်။
ကျွန်တော်အကုန်လုံးကိုထားပစ်ခဲ့ပြီး
Hyung ဆီကို လာခဲ့မှာမို့ ၊
Hyung ကို ကာကွယ်မှာမို့
ကျေးဇူးပြုပြီး စောင့်နေပေးပါ။