" ရှင်း ကိုရီးယားကိုပြန်ရောက်လာပြီတဲ့ ... ဂျုံဒယ် "
မန်နေဂျာ Hyung ရဲ့ စကားကြောင့် ကားနောက်ခန်းမှာ
ခပ်လျောလျောမှီရင်း သက်သောင့်သက်သာ အနားယူနေ
သော ဂျုံဒယ် မျက်လုံးများပွင့်လာသည်.....ရှင်း ပြန်လာပြီဆိုပါလား....
" ဘယ်တုန်းကတဲ့လဲ Hyung ...."
" အခုပဲလေ အင်တာနက်ပေါ်မှာ လေဆိပ်ကပုံတွေ အများ
ကြီးတက်လာတယ်.... Fan တွေနဲ့တောင် ဓာတ်ပုံရိုက်
ပေးခဲ့သေးတယ်တဲ့.... ကြည့်ဦးမလား...."မန်နေဂျာ Hyung က သူ့လက်ထဲက ဖုန်းလေးကိုမြှောက်ပြရင်းပြောတော့ ဂျုံဒယ် ခေါင်းခါပြလိုက်ပြီး ခုံပေါ်ကို
ခေါင်းမှီချကာ မျက်လုံးများပြန်မှိတ်ထားလိုက်သည်....Albumအသစ်အတွက်တစ်ညလုံးလေ့ကျင့်နေတာမို့အိပ်
ချိန်ပင်မရှိအောင် ဂျုံဒယ် ပင်ပန်းနေတာကို သိနေသော
Hyung ကထပ်မနှောင့်ယှက်တော့ပဲအလိုက်တသိတိတ်
ဆိတ်နေပေးလိုက်သည်....မကြာမီ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် Idol
တစ်ယောက်ဖြစ်သော ဂင်ဂျုံဒယ် ကိုတင်ဆောင်ထားသော အနက်ရောင်ကားမှန်ပိတ်ကားကြီးဟာ MBC
Music အဆောက်အအုံရဲ့ မြေအောက်ကားပါးကင်မှာ
စုအုံနေသော Fan များစွာကို ခက်ခက်ခဲခဲကျော်ဖြတ်ကာ
ထွက်သွားခဲ့တော့သည်......." ဟူး.... မင်း Fan တွေလဲ မလွယ်ဘူး ဂျုံဒယ် .... မင်း
ဘယ်သွားသွား သတင်းကရပြီးသား.... ကားဒီမှာရပ်ထား
တာ သူတို့ဘယ်လိုသိသွားတာပါလိမ့်...."" သူတို့အတွက်လဲ ခက်ခဲမှာ ..... အပြင်မှာအေးနေတာကို အိမ်ပြန်ပြီးနွေးနွေးထွေးထွေးနေကြသင့်တယ်...."
ကိုယ်တိုင်အတွက်က အိပ်ချိန်တောင်မရှိအောင်ပင်ပန်းနေ
တဲ့ကြားထဲက Fan တွေကို စိတ်ပူစွာရေရွတ်ရင်း ကားမှန်အပြင်ဘက်ကို စိုးရိမ်တကြီးငေးကြည့်နေသော ဂျုံဒယ် ကို
ကြည့်ကာ ခေါင်းကိုခါရမ်းလိုက်မိသည်.....
YOU ARE READING
အချစ်ဦးမို့ပါ
Short Storyချစ်သော တျဲ အတွက်မွေးနေ့လက်ဆောင်အဖြစ် အမှတ်တရ ကြိုးစား ရေးသားသည်။