Zawgyi
ညက ရှုပ်ထွေးနေတဲ့စိတ်ကြောင့် ဟိုဆော့ ဆိုင်တွင် သွားသောင်းကျန်းခဲ့သည့် အကျိုးအဆက်ကတော့ ထယ်ယောင်း ခေါင်းတွေ ကိုက်ပြီး တစ်ကိုယ်လုံး နာကျင်နေခြင်းပင်.။
ဘယ်ချိန်ဘယ်နာရီ ရှိနေပြီလဲဆိုတာ မစဉ်းစားနိုင်တော့အောင်ထိ ဆာနေတဲ့ဗိုက်ကြောင့် ခက်သွက်သွက် ရေချိုးဝတ်စားလဲပြီး အောက်ဆင်းလာတော့ အလုပ်ကပြန်လာပုံထောက်တဲ့ ဂျွန် နဲ့ တိုးသည်.။
" အခုမှ နိုးတာလား အစ်ကို "
" အင်း "
နောက်တိုင်း ဝတ်စုံနဲ့ ဂျွန်ကိုကြည့်ရတာ ဟိုတည်မှာ အစည်းဝေး ရှိသည်ထင် ..။
ဂျွန်က လက်ဆွဲအိတ် ကို အိမ်ကူကောင်မလေး တစ်ယောက်ရဲ့ လက်ထဲထည့်လိုက်ပြီး..
"ဗိုက်ဆာနေပြီမလား ညစာအတူတူစားရအောင်"
ညစာ စားချိန်တောင် ရောက်နေပြီလား ဘယ်လောက်တောင် အိပ်လိုက်တာလဲ ကင်စ်ထယ်ယောင်း ရယ် အဲကြောင့် ဗိုက်က သေလောက်အောင် ဆာနေတာဖြစ်မယ်..။
ညတုန်း ကလည်း သောက်သာသောက်ခဲ့တာ ဗိုက်ထဲတွင် စာမရှိ ။ မူးမူးနဲ့ ဂျွန် ခေါ်လာတာကို သိပေမဲ့ ဘယ်လိုဘယ်ပုံ အိမ်ပြန်ရောက်လာခဲ့တယ်ဆိုတာ လည်း မသိ..။
ပြီးတော့ သူများအိမ် ရောက်နေပြီး ညနေမှ အိပ်ရာက ထသတဲ့ ..။ဟူး...
သူ သက်ပြင်းချတော့ ဂျွန် ကရယ်သည်..။
ခပ်တည်တည် ပြန်စိုက်ကြည့်လိုက်တော့ သူမဟုတ်သလို ထမင်းစားခန်းထဲ လှည့်ဝင်သွားခဲ့သည်..။မကျေနပ်ပေမဲ့ ဆာနေတဲ့ ဗိုက်ကြောင့် ဂျွန်နောက် လိုက်ခဲ့တော့..။
" ဩ... ပါး နဲ့ မား ပြန်ရောက်နေပြီ "
လှည့်ကြည့်ပြီး ပြောလာတဲ့ ဂျွန်က အေးဆေးပေမဲ့ .. ။ ပါး နဲ့ မား ဆိုတဲ့ အသံကြောင့်
ထယ်ယောင်း လှမ်းလျက်စ ခြေလှမ်းတွေ ရပ်တန့်
လိုက်မိသည်..။ငယ်ငယ်ကတည်းက သူ့ကိုဆို သားရင်းဖြစ်တဲ့ ဂျွန်ထက် အလိုလိုက်ပြီး ဂရုစိုက် ချစ်ခင်တတ်တဲ့
ပါး နဲ့ မား ။ဂျွန် ခေါ်တဲ့အတိုင်း ပါးနဲ့မားလို့ ခေါ်ခေါ်ပြီး ချွဲ့ခဲ့ဖူးတဲ့ အချိန်တွေကို ပြန်သတိရကာ မျက်ရည်က ကျချင်လာသည်..။