Zawgyi
ဟဲအွန်းဒယ်...
ချစ်စရာ...စာလုံးလေးတွေနဲ့ပုံဖော်ထားတဲ့ ဘူဆန်
ရဲ့ အလွန်လှပတဲ့ ကမ်းခြေ ဆိုင်းဘုတ်လေးရှေ့
ထယ်ယောင်း ခြေလှမ်းတို့ ရပ်တန့်လိုက်ပြီး..နွေဦးလေနဲ့အတူ ဆားနံသင်းသင်း လေးကို
တစ်ဝကြီး ရှူရှိုက်ပစ်လိုက်သည်..။နွေရာသီအားလပ်အချိန်မို့ စည်ကားသိုက်မြိုက်နေတဲ့ ကမ်းခြေတစ်လျောက်
လာရောက်အနားယူပန်းဖြေနေကြတဲ့ လူတွေကို
ကြည့်ပြီး ထယ်ယောင်း ပြုံးလိုက်မိသည်..။ကိုယ့်မိဘတွေ ပိုင်ဆိုင် ခဲ့ဖူးတဲ့ ကမ်းခြေနားက ဟိုတည်ကြီးကို ထယ်ယောင်း မကြည့်ချင်ပေမဲ့
မြင်ခဲ့ရသည်..။ပြီးတော့ ကိုယ့်နေထိုင်ခဲ့ဖူးတဲ့အိမ် အရင်တုန်းက
ကိုယ့်အိမ် ကြီးကို မျက်စိတဆုံး မော်ကြည့်လိုက်
ပြီး ခန့်ညားစွာ တည်ရှိသေးတဲ့ သံတခါးရှေ့ ရပ်
တန့်လိုက်ပြီး ဘဲလ် တီးလိုက်သည်..။ဘာမှမပြောင်းလဲသေးဘူး ဟိုးအရင် 8 နှစ်က အတိုင်းပဲ ။
သူရော...အရင်တိုင်းပဲလား...။
ဂျိန်း..
တံခါးဖွင့်သံနဲ့အတူ...မျက်စိအရှေ့တွင်
ပေါ်လာတဲ့ သူ..နည်းမဟုတ်..ဂျွန်" ကိုကို ! ကိုကို ဟုတ်ပါတယ်နော် "
ရှေ့က မျက်လုံးပြူးပြီး တုတ်တုတ်မလှုပ် ရပ်ကြည့်နေတဲ့ ဂျွန် ..။
ထယ်ယောင်း တစ်ချက်ပြုံးပြီး ခရီးဆောင်
အိတ်ကို ဆွဲကာ ခြံထဲ ဝင်လာတော့..။နောက်က ကပြာကယာပြေးလိုက်လာတဲ့ဂျွန်..။
" ကိုကို ဘယ်လိုဖြစ်ပြီး.."
အနားရောက်လာကာ ခရီးဆောင်အိတ်ကိုလည်း
ဂျွန် က ဆွဲယူရင်း ထယ်ယောင်း ကိုလည်း
စကားစသည်..။ထယ်ယောင်း လိုက်လာတာကို မယုံကြည့်နိုင်ဟန်
ရှိတဲ့ အရှေ့က ဂျွန်ကို ထယ်ယောင်း ပြုံးပြုံးလေး
ငေးကြည့်ကာ..။" ကိုကို့ ဂျွန်လေးရဲ့ မင်္ဂလာဆောင်ပဲ ကိုကို
လာရမှာပေါ့..ဘာလဲ ဂျွန်က ကိုကို လာတာကို
မကြိုက်ဘူးလား "