B.E.H.I.N.D (intro 🖤)
ကင်မရာမီးတွေ တဖျပ်ဖျပ်ကြားထဲမှာ
လမ်းလျှောက်ရတာ သူ့အတွက်အသားကျနေပြီးသား
ကားပေါ်ကနေ ဆင်းပြီး ကော်ဇော်နီ တလျှောက်
လျှောက်လှမ်းလာတဲ့ သူ့ခြေလှမ်းတွေတိုင်းမှာ
ယုံကြည်မှု အပြည့်ရှိနေသယောင် ထင်ရပေမယ့်...
အောင်မြင်မှုအားလုံးရဲ့ နောက်ကွယ်က သူပေးဆပ်ခဲ့ရတဲ့
အရာတွေကို သူဆုံးရှုံးလိုက်ရတဲ့ အရာတွေ
စဉ်းစားမိတိုင်း ကိုယ့်ကိုကိုယ် အားမလို အားမရ
ဘာစိတ်ကူး ဘာသဘော နဲ့ ဒီလိုတွေဖြစ်အောင်
လုပ်မိခဲ့ပါလိမ့်..!
____________________♥ ___________________ဒီလို အခြေအနေ အထိ ရောက်အောင်....!
စဉ်းစားမိတိုင်း နာကြည်းရသည်..
ဘာရည်ရွယ်ချက် ဘာအတွေးတွေနဲ့ သူ့ ကို ဒီလို
ဖြစ်အောင် လုပ်ခဲ့ပါလိမ့်..
ဒီလောက်ထိ ရက်စက်မယ်မထင်ထားပေမယ့်လို့...
၅ နှစ်ကျော်တောင် ကြာခဲ့ပြီပဲ...
မေ့လို့ ရရင် မေ့လိုက်ချင်ပါရဲ့...ဘဝ ထဲကထုတ်ပစ်လိုက်
ချင်ပါရဲ့...ရင်ဘတ် တခုလုံနဲ့ ရင်းပြီး ခံစားခဲ့ရပြီး..
ထပ်မချစ်မိအောင် သင်ကြားပေးခဲ့သူမို့..
လွယ်"ကူ" မေ့မရတဲ့ အပြင်...ချစ်နေဆဲပါလား လို့
သိရတော့ ကိုယ့်ကို ကိုယ်သာ မုန်းလိုက်ချင်တော့သည်..
____________________♥____________________သူနဲ့ ပတ်သတ်ရင် အရာရာကို လိုက်ပြီး စူးစမ်းမိရာကနေ
ချစ်မိသွားသည် တဲ့.. ရူးနေပြီ ထင်ပါရဲ့...
အရာရာတိုင်းအတွက် တန်ပြန်သက်ရောက်မှုရှိစေချင်ပြီး
တသက်စာ အတွက် ကလဲ့စား ပြန်ချေချင်လို့...
အနားကို ချဉ်းကပ်ခဲ့ရာကနေ ချစ်မိသည် တဲ့...
ဒီထောင်ချောက် က မလွတ်ရင်..သူရော?
သူ့ ဘဝကြီးကရော သူ့ရှေ့ကသူတွေလို..
ရေစုန်မျောဦးမှာလား....????
မုန်းသည်..အဲ့ဒီ မိန်းမ ကို တဘဝလုံးစာအတွက်မုန်းသည်
"အမုန်းကြီး သွားရင် အချစ်ဖြစ်တတ်သည်လား??"
____________________♥ ___________________
"Roommate 🖤" က လုံးဝဖျက်လိုက်တာပါ
unpublish မဟုတ်ပါဘူး! ဖျက်လိုက်တာမို့
New ပါ 🖤 update မှန်ပေးပါ့မယ် 🖤
ဝေဖန်ပါ ဖတ်ရတာ အဆင်မပြေရင် ပြောပါ 🖤
I'm back 😛❤️ (Ep-1 ပါရေးချင်ပေမယ့်
အချိန်မရတော့လို့ ) Intro ပဲ ချပြလိုက်တာ
OTP ကို ကြိုမပြောထားဘူး 🙄 လိုရာဆွဲတွေးပေါ့နော် 😆