"Soyeon"
ရုတ်တရက် ကြီး သူ့ကို ပြေးဖက်ကာ အော်လိုက်တာ
ကြောင့် မျက်လုံးပြူးရုံက လွဲလို့ ဘာမှမတတ်နိုင်.."ဟဲ့ ဟဲ့ ငါ ဘာမှ မဖြစ်ဘူး.."
"ငါက နင်တခုခုဖြစ်တယ်ထင်နေတာ အခုလို အကောင်းအတိုင်းတွေ့ရတော့ ငါလည်း စိတ်လွတ်သွားတာ""အစကတည်းကပြောတယ်လေ ငါမဟုတ်ပါဘူးဆိုမှ"
"ငါ က နင့်ကိုမှ မယုံတာ""အခု ယုံပြီလား"
ကုတင်ပေါ်က ကလေးမလေး ကိုတချက်လှမ်းကြည့်ရင်း
ခေါင်းညိတ်ပြသည်..ဖြစ်ခဲ့သမျှကို နောက်ကြောင်း
ပြန်လှန်ပြောပြတော့လည်း ငြိမ်ပြီးနားထောင်နေသည်.."ဒါဆို နင် ဒီနေ့ shooting မသွားလိုက်ရဘူးပေါ့"
"အေးပေါ့ ဒီကလေးမကို ပစ်ပြီး ငါဘယ်လိုသွားမလဲ""မမ နဲ့လည်း မတွေ့လိုက်ရပါဘူးပေါ့"
"အေး ငါစိတ်ပူနေတာ အဲ့တာ အမ ကစိတ်တိုနေမှာ..
တကယ်ပါပဲ ငါ့မှာလည်း အကုန်အလွဲတွေချည်း"Minnie ဘာမှ မပြောနိုင်..ခေါင်းငိုက်စိုက်ကျသွားတဲ့
Soyeon ကိုကြည့်ပြီး သက်ပြင်းတချက်ချလိုက်သည်..
Lalisa ဆိုတဲ့ အမျိုးသမီးအပေါ် Soyeon က
တော်"လေး စိတ်ဝင်စားနေပုံပဲ...
မဟုတ်သေးပါဘူး....သဘောကျနေတာ..
အတိအကျ ပြောရရင် "ချစ်နေမိတာ""ထားတော့ စိတ်ညစ်စရာတွေ မတွေးနဲ့
ညစာ စားမလား? ငါပြင်ပေးမယ်"
"အင်း ငါ မနက်ကတည်းက ဘာမှမစားရသေးတာ"Minnie ထွက်သွားတော့ ကုတင်ပေါ်က ကလေးမလေး
ကို တချက်ကြည့်မိပြန်သည်..အခုထိ သတိမရသေး..
သက်ပြင်းတချက်ချပြီး..အရာအားလုံးကို မေ့ကာ
မျက်လုံး အစုံကိုမှိတ်ပစ်လိုက်သည်..သိပ်မကြာလိုက်..ဟင်းနံ့ မွှေးမွှေးကိုရတော့
မျက်လုံး ပြန်ဖွင့်ကြည့်မိသည်..
တမနက်လုံး ဘာမှမစားထားသည့် ဗိုက်က
သည်းခံနိုင်သည့်ပုံ မပေါ်..Minnie နဲ့ အတူညစာစားပြီးသည်အထိ
ကလေးမလေး အခြေအနေက ဘာမှထူးမလာ...
သူ့လက်ကို ဆုပ်ကိုင်ရင်း စိတ်မပူဖို့ပြောနေသည့်
Minnie ကို ပြုံးပြရုံကလွဲလို့ တခြားစကားတွေမဆိုမိ...