Part ( 1 )

8K 608 4
                                    

Unicode

********

မီးတွေ ထိန်လင်းနေအောင် အလှဆင် ထွန်းညှိထားသည့် Christmas သစ်ပင်ကြီးကို Shine ကျေနပ်စွာဖြင့် မော့ကြည့်လိုက််မိသည်။ လူတစ်ရပ်မက မြင့်သော ထင်းရှူးပင်အစစ်ကြီးကို Christmas Tree အဖြစ် ကိုယ်တိုင် အလှဆင်ခဲ့တာ ။

မီးလုံးလေးတွေ အရုပ်တွေ ချိတ်ကာ အလှဆင်ထားသဖြင့် အိမ်ကြီးနဲဲ့ အရမ်းကို ပနံလှပနေသလို ။

ရှိုင်း တစ်ချိန်က ယုံကြည်စွာ မျှော်လင့်ခဲ့မိသည့် စိတ်ချလက်ချ ပျော်ရွှင်စွာ နေထိုင်ရသည့် နေ့ရက်များကို ရှိုင်း ပိုင်ဆိုင်နေခဲ့ပြီ ။ Nebbia တောအုပ်ထဲက မီးလျှံရဲ့ အိမ်ကြီးတွင် ချစ်သော မီးလျှံနှင့် အတူ ဘဝတည်ထောင်နေခဲ့သည်မှာ အချိန်တစ်ခုပင် ကြာခဲ့ပြီ။

အတွေးကမ္ဘာထဲ နစ်မြောနေစဉ်အတွင်းမှာပင် အနောက်ကို တစ်စုံတစ်ယောက် လာရပ်သည်ကို ခံစားလိုက်ရသည်။ ထို့နောက် ချက်ချင်း ရှိုင်းကို တစ်စုံတစ်ယောက်က အနောက်မှ သိုင်းဖက်ကာ ရင်ခွင်ထဲ ထည့်လိုက်သည်ကို ခံစားလိုက်ရသည်။

အရင်တုန်းကလို နုပျိုလတ်ဆတ်နေဆဲဖြစ်သည့် နွေးခနဲ ခံစားမှုတစ်ခုနှင့်အတူ နောက်က လူကို မော့ကြည့်လိုက်မိသည်။

ရှိုင်းကို ငုံ့ကြည့်နေသည့် မီးလျှံကို မြင်လိုက်ရသည်။ အရင်တုန်းက အမြဲတမ်း မသပ်မရပ်ဖြစ်နေကြ အညိုရောင်လှိုင်းတွန့်ဆံပင်ရှည်တွေကို အခုတော့ အကုန်လုံးကို စုစည်းထားလျက် တစ်မျိုးပိုကြည့်ကောင်းနေပြန်သည်။

အရင်တုန်းက အမြဲတမ်း မျက်မှောင်ကုတ်ထားတတ်သည့် မီးလျှံက အခုတော့ အပြုံးတစ်ချို့ကိုတောင် ဆင်မြန်းနေတတ်ခဲ့ပြီ ။

'ကျွန်တော် မှာတာ ပါလား'

ထွေးပိုက်ထားတာကို ငြိမ်သက်စွာ ခဏခံယူပြီးနောက် ရှိုင်း မေးခွန်းထုတ်လိုက်သည်။

'ပါတယ်'

မီးလျှံက ထိုသို့ဖြေကာ ယူသူလာတဲ့ ခြေအိတ်လေးတွေကို ရှိုင်းရှေ့ကို ပြသည်။ ရှိုင်း ထိုခြေအိတ်လေးတွေကို ယူကာ သစ်ပင်တွင် ချိတ်ဆွဲဖို့လုပ်သည်။ သစ်ပင်နားသွားကာ ခြေအိတ်တွေ သွားချိတ်နိုင်ဖို့ ဖက်ထားသည့် မီးလျှံရဲ့လက်တွေကို ဖယ်ဖို့ ကြိုးစားသော်ငြား ဖယ်လို့မရ ။

Star Love : Forbidden ( Short Story )Where stories live. Discover now